Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် UEC ၌ ရခိုင်အမျိုးသားပါတီ(ANP) မှတ်ပုံပြန်တင်မည်

မျိုးကြီး (NP News) - မတ် ၁၉


ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ရခိုင်အမျိုးသားပါတီ(ANP) မှတ်ပုံတင်ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီမှာ (၃ဝ)နီးပါးရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်း ပါတီများ မှတ်ပုံတင်လျှောက်ထားနိုင်သည့်ရက်သည် ကုန်ဆုံးတော့မည်ဖြစ်သည်။


“ရခိုင်အမျိုးသားပါတီ(ANP)ကို ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် မှတ် ပုံတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလိုက်တယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက NP News ကိုအတည်ပြုပြောဆိုထားသည်။


ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေး အားနည်းနေသည့်အတွက် ၎င်းမြို့ နယ်များတွင် အားကောင်းလာရေး လုပ်ကိုင်ဆောင်ရွက်ရန် ယုံကြည်သည့်အတွက် ယခုကဲ့သို့မှတ်ပုံပြန်တင်ရခြင်းဖြစ်ကြောင်း ပါတီက ဆိုထားသည်။


ထို့ပြင် ပါတီဥက္ကဋ္ဌဦးသာထွန်းလှက “ပြီးရင်နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုတွေလည်း ဆက်လက်လုပ် ကိုင်ဆောင်ရွက်နေဖို့လိုတယ်။ ပြီးရင်နိုင်ငံရေးအရ ပြောခွင့်၊ ဆိုခွင့်ရှိနေဖို့လည်း လိုနေသေးတယ်လို့ ကျွန်တော်တို့ အဲဒီလိုယူဆတယ်” ဟု ဆက်လက်ပြောဆိုထားသည်။


“နောက်တစ်ချက်က ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ညီနောင်တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေရအုံးမယ်လို့လဲ သုံးသပ်မိတယ်။ အဲဒါကြောင့် အဲဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်အောင်အတွက် ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ် လိုအပ်သေးတယ်လို့ ကျွန်တော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။


နစကမှ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ယခင်က ပြည်ထောင်စုတစ် ဝန်းလုံးစည်းရုံးသော ရခိုင်အမျိုးသားပါတီအတွက် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်းလည်း ပါတီဥက္ကဋ္ဌက ထည့်သွင်းမှတ်ချက်ပြုထားသည်။


ရခိုင်အမျိုးသားပါတီအနေဖြင့် လာမည့် ရုံးဖွင့်ရက်များအတွင်း ရွေးကောက်ပွဲကော်မရှင်၌ သွားရောက်မှတ်ပုံတင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။


သို့သော် ရခိုင်အမျိုးသားပါတီအနေဖြင့် မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီအတွင်း ဆွေးနွေးဆုံးဖြတ်ချက် တစ်စုံတစ်ရာမရှိသေးကြောင်းလည်း ပါတီဥက္ကဋ္ဌဦးသာထွန်းလှက အသိပေးပြောဆိုထားသည်။


ဒေါက်တာအေးမောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ပြီးဖြစ်ကာ ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရသည်။

zawgyi version
























Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့အရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်မည်ဟု တရုတ်အစိုးရပြော

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved