မန္တလေးမြို့၌ TOYOTA HARRIER ကားပေါ်မှ ငွေကျပ်သိန်း(၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၄
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် TOYOTA HARRIER ကားပေါ်မှ ငွေကျပ်သိန်း (၄၀၀၀)ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော ဇန်နဝါရီလ ၉ ရက်၊ ညနေ ၆ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၄၀(C)လမ်း၊ ၆၇x၆၈ လမ်းကြား၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကြားတွင် လှသိန်း(ခ)စိုင်းမောင်သိန်းမောင်းနှင်လာသည့် TOYOTA HARRIER ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်၌ ဆပ်ပြာခွက် (၁၇၆၀) ခွက်ဖြင့် ထည့်လျက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၄၄၀၀)တန်ဖိုးရှိ ဘိန်းဖြူ (၁၇ ဒသမ ၆ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၇၃ လမ်းထောင့်၌ ဖမ်းမိခဲ့သည့် ဘိန်းဖြူများအား သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဇော်ဝင်းထွဋ် နှင့် ရဲမင်းလှိုင်တို့(၂)ဦးကို ဆိုင်ကယ်တစ်စီး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်များအရ ၎င်းဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်ရောင်းဝယ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီးကွင်းဆက်များအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း