ရန်ကုန်မြို့၌ အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွား
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၁၃ ရက်)၊ ည ၁၂ နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းမပေါ် မိုးညှင်းဝိပဿနာကျောင်းတိုက်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက အရှိန်လွန်ပြီး မားကပ်ပလေ့စ်အနီးက အကွေ့မှာ မှောက်သွားတာပါ။ အဲဒီလိုမှောက်တော့ ကားကဆီယိုပြီး အင်ဂျင်ကနေစပြီး မီးလောင်တာပေါ့။ ကားက Chevrolet အမျိုးအစားပါ”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် အသက်(၂၂)နှစ်အရွယ် ယာဉ်မောင်းအမျိုးသား၌ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး ကား၏အင်ဂျင် နှင့် ကာဗာများမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“လူကတော့ အများကြီးထိခိုက်တာမရှိပါဘူး။ ကားက တော့ အင်ဂျင်နဲ့ကာဗာတွေမီးလောင်သွားတယ်။ အဲဒီနေရာက ဖြစ်လေ့ဖြစ်ထတော့မရှိပါဘူး။ အကြံပြုချင်တာတော့ ကားတွေမှာ မီးသတ်ဆေးဗူးဆောင်ထားစေချင်တယ်။ မီးလောင်ပြီဆိုရင် ကိုယ့်ကားကိုပဲ အရင်ဆုံး မီးငြှိမ်းနိုင်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ၎င်းကားမီးလောင်မှုအား အနာဂတ်အလင်း တန်းပရဟိအသင်းမှ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူကိုလည်း မြေပြင်ကုသမှုများပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
'ဂြိုလ်သားမံမီ'လို့ ယူဆထားတဲ့ရုပ်အလောင်းဟာ တိရစ္ဆာန်အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်များသာဖြစ်ကြောင်း သိပ္ပံပညာရှင်များက အခိုင်အမာဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း