နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့်နေအိမ်များအတွင်းရှိ ပစ္စည်းများကို လက်နက်ကိုင်အဖွဲ့ဝင်အချို့က ယူဆောင်နေဟုဆို
ကျော်(NSS) - ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့်နေအိမ်များအတွင်းရှိ ပစ္စည်းများကို လက်နက်ကိုင်အဖွဲ့ဝင်အချို့က ယူဆောင်နေကြကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယနေ့ (ဇန်နဝါရီလ ၁၃ ရက်)တွင် ထုတ်ပြန်ထားသည်။
လက်နက်ကိုင်အဖွဲ့ဝင်အချို့သည် နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာရှိ စစ်ဘေးရှောင်နေရသဖြင့် လူနေ ထိုင်ခြင်းမရှိသော နေအိမ်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ နေအိမ်များအတွင်းရှိ ပစ္စည်းများကို ယူဆောင်ပြီး အချို့အိမ်တွင်းပစ္စည်းများအား ဖျက်ဆီးသွားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထိုသို့ ယူဆောင်သွားခဲ့ကြမှုအား ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)က နောင်တိန်းကျေးရွာမှ စစ်ဘေးရှောင်များအားချိတ်ဆက်၍ ကျေးရွာအတွင်းသို့ဝင်ရောက်စစ်ဆေးခဲ့ကြရာ အိမ်တွင်းပစ္စည်းများယူဆောင်သွားခံရသည့် နေအိမ်များသည် (၁၄)လုံးရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများအား TNLA အဖွဲ့က နိုဝင်ဘာလအတွင်းမှစတင်ကာ ပစ်ခတ်တိုက် ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်တွင် နမ့်ခမ်းမြို့အားသိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့၏အလံအား မြို့လယ်တွင်စိုက်ထူခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌နေထိုင်သူ (၇၀၀၀)ဦးကျော်သည် တိုက်ပွဲနှင့်လွတ်ကင်းသောနေရာများတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေကြရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့်နေအိမ်များအတွင်းရှိ ပစ္စည်းများကို လက်နက်ကိုင်အဖွဲ့ဝင်အချို့က ယူဆောင်နေဟုဆို
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ