တောင်ကိုရီးယားအနုပညာရှင်စုံတွဲ ဟွမ်ဘင်းနဲ့ ဆုန်းရီဂျင်းတို့က လိုအပ်နေတဲ့ကလေးငယ်တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၁၃,၅ဝဝ လှူဒါန်း
ရောင်နီ (NSS) - ဇန်နဝါရီ ၁၁
ကိုရီးယားနိုင်ငံ နာမည်ကြီးစုံတွဲ ဟွမ်ဘင်းနဲ့ ဆုန်းရီဂျင်းတို့ ဇနီးမောင်နှံဟာ လိုအပ်နေတဲ့ ကလေးငယ်တွေကို အကူအညီ ထောက်ပံ့ဖို့အတွက် ဝမ်သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၁၁၃၅၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ (ဇန်နဝါရီ ၉ ရက်) က ဆုန်းရဲ့အေဂျင်စီ MS Team Entertainment က ၎င်းတို့ဇနီးမောင်နှံရဲ့လှူဒါန်းငွေကို Asan Medical Centre ရှိ ကလေးတွေအတွက် ဆေးကုသစရိတ် ရန်ပုံငွေနဲ့ တစ်ဝက်ကို Jusarang Community Foundation ကို လှူဒါန်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီအတွက် ဆုန်း ကလည်း "ဒီလို ခက်ခဲတဲ့အချိန်တွေမှာ အကူအညီ အရမ်းလိုအပ်နေတဲ့ ကလေးတွေရဲ့စိတ်နှလုံးကို နွေးထွေးစေမယ့် ခရစ္စမတ်လက်ဆောင်တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပြီး လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တာပါ" လို့ ပြောခဲ့ပါတယ်။
၎င်းတို့စုံတွဲဟာ ၂၀၂၂ ခုနှစ်ကလည်း တောမီးဘေးဒဏ်သင့် ဒုက္ခသည်တွေကို ကူညီဖို့အတွက် ဝမ်သန်း ၂၀၀ လှူဒါန်းခဲ့ပါတယ်။
အရင်ကလည်း ၎င်းတို့ဇနီးမောင်နှံဟာ အခြားပရဟိတ လုပ်ငန်းတွေကို များစွာ လှူဒါန်းခဲ့ဖူးပါတယ်။
ဆုန်းနဲ့ ဟွမ်ဘင်းတို့ စုံတွဲဟာ ကျော်ကြားတဲ့ တောင်ကိုရီးယား ဒရာမာ Crash Landing On You မှာ အတူတွဲဖက် ပါဝင်သရုပ်ဆောင်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟန်ဂေရီရှိ ကမ္ဘာ့အသက်အကြီးဆုံး အိုလံပစ်ချန်ပီယံ အန်းနက်စ်ကယ်လ်တီ အသက် ၁၀၃ နှစ်ပြည့်ပြီ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ