အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်း နှင့် ဒုံးကျည်များကို ပင်လယ်နီအတွင်း ပစ်ချခဲ့ဟုဆို
Pika (NSS) - ဇန်နဝါရီ ၁ဝ
ဇန်နဝါရီလ(၉)ရက်တွင် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာ သင်္ဘောလမ်းကြောင်းများဆီသို့ ပစ်လွှတ်လိုက်သော ဒုံးကျည် နှင့် ဒရုန်း(၂၁)စင်းကို အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့ဝင်များ က ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် နိုဝင်ဘာလ(၁၉)ရက် နောက်ပိုင်းတည်းက ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောလမ်းကြောင်းများကို ဟူသီလက်နက်ကိုင်အဖွဲ့က (၂၆)ကြိမ်မြောက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရ/ပျက်စီးခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ကွပ်ကဲမှုဌာနချုပ် က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသအပေါ်လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီအများအပြားသည် အာဖရိကတိုက် အနီးတစ်ဝိုက်သို့ ခရီးရှည်လမ်းကြောင်းများ သွားလာရမည့်အစား ကုန်တင်သင်္ဘောသွားလာမှုများကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသအပေါ်လုပ်ဆောင်နေသော အစ္စရေး၏ထိုးစစ်ဆင်မှုများ မရပ်တန့်မချင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။ ထို့အပြင် ၎င်းတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်မည်ဆိုပါက အမေရိကန်စစ်သင်္ဘောများကို ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ဒရုန်း(၁၈)စင်း၊ သင်္ဘောဖျက်ခရုဇ်ဒုံးကျည်(၂)စင်း နှင့် သင်္ဘောဖျက်ပဲ့ထိန်း ဒုံးကျည်(၁)စင်းတို့ကို ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ