တောင်ကိုရီးယားနိုင်ငံကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၁ဝ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ၎င်း၏ နိုင်ငံသည် ပြိုင်ဖက်တောင်ကိုရီးယားနိုင်ငံကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ဟု သတိပေးပြောဆိုခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် နျူကလီးယားနဲ့ပတ်သက်သောလုပ်ငန်းများကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန် ကင်ဂျုံအန်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကင်ဂျုံအန်းသည် အဓိက လက်နက်စက်ရုံများသို့ သွားရောက်လည်ပတ်စဉ်အချိန် အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တောင်ကိုရီးယားကို အဓိက ရန်သူလို့ ကျွန်တော်တို့သတ်မှတ်ထားပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့အတွက် စစ်ရေးစွမ်းရည်တွေနဲ့ နျူကလီးယားဆိုင်ရာစွမ်းရည်တွေကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်" ဟု KCNA က ရေးသားဖော်ပြထားသည်။
ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကြေညာကာ အဆင့်မြင့်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံကြားဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ထိပ်တိုက်ရင်ဆိုင်မှုများကို တစ်ဖက်သတ်လုပ်ဆောင်မည် မဟုတ်သော်လည်း စစ်ပွဲကို ရှောင်ရှားရန် ရည်ရွယ်ချက်မရှိဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
KCNA က "တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားကိုဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ အသုံးပြု တာမျိုး ဒါမှမဟုတ် မြောက်ကိုရီးယားရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးတွေအပေါ် ခြိမ်းခြောက်မှုတွေ လုပ်ဆောင် လာခဲ့မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံကို ရှိသမျှအင်အား အားလုံးနဲ့ ချေမှုန်းတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်းက ပြောဆိုခဲ့ပါတယ်" ဟု ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ အပါအဝင် အမေရိကန် နှင့် ဒါဇင်နှင့်ချီသောမိတ်ဖက်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံသို့ ဒုံးကျည်များ လွှဲပြောင်းပေးခြင်းဖြင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှု အများအပြားကို ချိုးဖောက်နေကြောင်း စွပ်စွဲပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံတွင် ဟိုတယ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြန်လည်စတင်ရန် ဆောင်ရွက်နေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ