Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၁)ဦး ထိခိုက်ဒဏ်ရာရရှိ

Pika (NSS) - ဇန်နဝါရီ ၉ 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၁)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Fort Worth မီးသတ်ဌာန (FWFD) က ပြောကြားခဲ့သည်။


အဆိုပါပေါက်ကွဲမှုမှာ ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုတစ်ခုဟု သံသယရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတစ်ဦးပျောက်ဆုံးနေကြောင်း အစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ဇန်နဝါရီလ(၈)ရက် ညနေ(၃)နာရီ ၃ဝ မိနစ် အချိန်တွင် Fort Worth မြို့လယ်ရှိ  Sandman Signature ဟိုတယ် အတွင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဆိုသည့် ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 

အဆိုပါအဆောက်အဦးမျက်နှာစာ၏ အနည်းဆုံးအထပ် နှစ်ထပ်သည် ပေါက်ကွဲသွားခဲ့ပြီး လမ်းမပေါ် နှင့် ကားရပ်နားရာနေရာများသို့ အပျက်အစီးများ လွင့်စင်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆောက်အဦးအတွင်း ဓါတ်ငွေ့ယိုစိမ့်မှုများဖြစ်ပွားခဲ့သော်လည်း အဆိုပါယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဟုတ်/မဟုတ် ဆိုသည့်အချက်ကိုပြောရန် စောလွန်းသေးကြောင်း FWFD ပြောရေးဆိုခွင့်ရှိသူ Craig Trojacek က သတင်းထောက်များကို ပြောကြားခဲ့သည်။


Craig Trojacek က "မြို့လယ်မှာ ဓါတ်ငွေ့နံ့တွေတော့ ရနေပါတယ်။ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာ လား ဒါမှမဟုတ် မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာလားဆိုတာကိုတော့ ကျွန်တော်တို့ အသေအချာမပြောနိုင် သေးပါဘူး။ ဒီပေါက်ကွဲမှုဘာကြောင့်ဖြစ်ပွားရတယ်ဆိုတာကို ကျွန်တော်တို့လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အချိန်အတွင်း အခန်း(၂၆)ခန်းမှာ ပိတ်မိနေတဲ့ လူအများအပြားကို မြေအောက်ခန်းကနေပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးသည် ဟိုတယ်အတွင်းရှိ  Musume စားသောက်ဆိုင်တွင် အလုပ်လုပ် ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။ Musume စားသောက်ဆိုင်ပူးတွဲတည်ထောင်သူ Josh Babb က "ကံကောင်းတာက ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ စားသောက်ဆိုင်က ပိတ်ထားခဲ့တာပါ။ ဒါကြောင့် ပေါက်ကွဲတဲ့ အချိန်မှာ လာရောက်စားသုံးသူတွေနဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေမရှိတာပါ" ဟု ပြောခဲ့သည်။ 

အခန်းပေါင်း(၂၄၅)ခန်း ပါဝင်သော ဟိုတယ်ကို ၁၉၂ဝ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သမိုင်းဝင် နေရာများ၏ စာရင်းတွင် ဖော်ပြထားကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆီစက်လုပ်ငန်းရှင်များကို တစ်နှစ်လျှင် အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ကျပ်သိန်း(၃၀၀၀)အထိ ထုတ်ချေးပေးမည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved