Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံး

Pika (NP News) - ဒီဇင်ဘာ ၂၄

ဂျပန်နိုင်ငံတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုများကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေး အေဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်ရုပ်သံလိုင်း NHK က ဒီဇင်ဘာလ(၂၃)ရက်တွင် ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံအနာက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် နှင်းမုန်တိုင်းများတိုက်ခတ်နိုင်ဖွယ်ရှိသည့်အတွက် သတိပြုနေထိုင်ကြရန် ဒေသခံများကို မိုးလေဝသတာဝန်ရှိသူများက တိုက်တွန်းပြောဆိုထားကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံအတွင်း နှင်းမုန်တိုင်းများနှင့် ဆီးနှင်းများထူထပ်စွာကျဆင်းမှုတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသအေဂျင်စီက သတိပေးပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုတို့ကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးမှုသည် ဟော့ကိုင်းဒိုး၊အကီတာ၊ ယာမာဂါတာ၊ နီဂါတာ နှင့် အီရှီကာဝါ စီရင်စု(၅)ခုတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

နီဂါတာစီရင်စုတွင် ဒီဇင်ဘာလ(၂ဝ)ရက်က နှင်းများဖြင့် ဖုံးလွှမ်းနေသော ကားထဲတွင် အသက်(၂ဝ)အရွယ် အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါကား၏ အိတ်ဇောပိုက်ကို နှင်းများဖြင့်ပိတ်မိသွားခဲ့ပြီးနောက် ကားထဲရှိအမျိုးသမီးသည် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ကာ သေဆုံးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

နီဂါတာစီရင်စုတွင် အသက်(၈ဝ)ကျော်အရွယ် အမျိုးသမီး(၃)ဦးသည် ၎င်းတို့၏ နေအိမ်ပတ်လည်မှ နှင်းများကိုဖယ်ရှားရန်ကြိုးစားနေစဉ် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အကီတာစီရင်စုတွင် ဒီဇင်ဘာလ(၂၁)ရက်က အသက်(၈ဝ)အရွယ် အမျိုးသားတစ်ဦး နှင်းများအောက်တွင်ပိကာသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ(၁၉)ရက်က အသက်(၇ဝ)အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏နေအိမ်ခေါင်မိုးပေါ်မှ နှင်းများကို ဖယ်ရှားရန်ကြိုးစားနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ စီရင်စု(၆)ခုတွင် နှင်းများနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် လူ(၁၉)ဦးသည် ပြင်းထန်သောထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အခြားလူ(၂၆)ဦးမှာ အသေးစားထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။


zawgyi version

ဂ်ပန္ႏိုင္ငံတြင္ ဆီးႏွင္းမ်ားထူထပ္စြာက်ဆင္းမႈေၾကာင့္ အနည္းဆုံးလူ(၁၃)ဦးေသဆုံး

Pika (NP News) - ဒီဇင္ဘာ ၂၄

ဂ်ပန္ႏိုင္ငံတြင္ ဆီးႏွင္းမ်ားထူထပ္စြာက်ဆင္းမႈမ်ားေၾကာင့္ အနည္းဆုံးလူ(၁၃)ဦးေသဆုံးခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံ၏ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲ‌ေရး ေအဂ်င္စီ၏ ေျပာၾကားခ်က္ကို ကိုးကား၍ ႏိုင္ငံပိုင္႐ုပ္သံလိုင္း NHK က ဒီဇင္ဘာလ(၂၃)ရက္တြင္ ေဖာ္ျပခဲ့သည္။

ဂ်ပန္ႏိုင္ငံအနာက္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔တြင္ ဆီးႏွင္းမ်ားထူထပ္စြာက်ဆင္းမႈေၾကာင့္ ႏွင္းမုန္တိုင္းမ်ားတိုက္ခတ္ႏိုင္ဖြယ္ရွိသည့္အတြက္ သတိျပဳေနထိုင္ၾကရန္ ေဒသခံမ်ားကို မိုးေလဝသတာဝန္ရွိသူမ်ားက တိုက္တြန္းေျပာဆိုထားေၾကာင္းလည္းသိရသည္။

လက္ရွိအခ်ိန္တြင္ ဂ်ပန္ႏိုင္ငံအတြင္း ႏွင္းမုန္တိုင္းမ်ားႏွင့္ ဆီးႏွင္းမ်ားထူထပ္စြာက်ဆင္းမႈတို႔ေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျဖစ္ပြားႏိုင္ေၾကာင္း မိုးေလဝသေအဂ်င္စီက သတိေပးေျပာဆိုခဲ့သည္။

ဂ်ပန္ႏိုင္ငံတြင္ ဆီးႏွင္းမ်ားထူထပ္စြာက်ဆင္းမႈတို႔ေၾကာင့္ အနည္းဆုံးလူ(၁၃)ဦးေသဆုံးမႈသည္ ေဟာ့ကိုင္းဒိုး၊အကီတာ၊ ယာမာဂါတာ၊ နီဂါတာ ႏွင့္ အီရွီကာဝါ စီရင္စု(၅)ခုတို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း NHK သတင္းဌာနက ေဖာ္ျပခဲ့သည္။

နီဂါတာစီရင္စုတြင္ ဒီဇင္ဘာလ(၂ဝ)ရက္က ႏွင္းမ်ားျဖင့္ ဖုံးလႊမ္းေနေသာ ကားထဲတြင္ အသက္(၂ဝ)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ အဆိုပါကား၏ အိတ္ေဇာပိုက္ကို ႏွင္းမ်ားျဖင့္ပိတ္မိသြားခဲ့ၿပီးေနာက္ ကားထဲရွိအမ်ိဳးသမီးသည္ ကာဗြန္မိုေနာက္ဆိုဒ္ အဆိပ္သင့္ကာ ေသဆုံးခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။

နီဂါတာစီရင္စုတြင္ အသက္(၈ဝ)ေက်ာ္အ႐ြယ္ အမ်ိဳးသမီး(၃)ဦးသည္ ၎တို႔၏ ေနအိမ္ပတ္လည္မွ ႏွင္းမ်ားကိုဖယ္ရွားရန္ႀကိဳးစားေနစဥ္ ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းရွိ အကီတာစီရင္စုတြင္ ဒီဇင္ဘာလ(၂၁)ရက္က အသက္(၈ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦး ႏွင္းမ်ားေအာက္တြင္ပိကာေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ ဒီဇင္ဘာလ(၁၉)ရက္က အသက္(၇ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ၎၏ေနအိမ္ေခါင္မိုးေပၚမွ ႏွင္းမ်ားကို ဖယ္ရွားရန္ႀကိဳးစားေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ဂ်ပန္ႏိုင္ငံ စီရင္စု(၆)ခုတြင္ ႏွင္းမ်ားႏွင့္ဆက္စပ္ေသာ မေတာ္တဆမႈမ်ားေၾကာင့္ လူ(၁၉)ဦးသည္ ျပင္းထန္ေသာထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အျခားလူ(၂၆)ဦးမွာ အေသးစားထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၾကေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း တစ်ရက်တည်း၌ လူပေါင်း(၃၇)သန်း ကိုဗစ် (၁၉)ကူးစက်ခံရဖွယ်ရှိဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved