Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပန်းဂေါ်ဖီထုတ်များတင်လာသည့် (၆)ဘီးကားက အဝတ်အ ထည်များတင်လာသော(၆)ဘီးကားကိုဝင်တိုက်ရာမှ (၂) ဦးဒဏ်ရာရ

ကျော်(NSS) - ဇန်နဝါရီ ၉

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ပန်းဂေါ်ဖီထုတ်များတင်လာသည့် (၆)ဘီးကားက အဝတ်အထည်များတင်လာသော (၆) ဘီးကားကိုနောက်မှဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်သည် ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်)၊ ည ၁ နာရီခန့်က အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၀၂/၆ နှင့် ၂၀၂/၇ ကြားတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။

မန္တလေးဘက်မှနေပြည်တော်ဘက်သို့ ပန်းဂေါ်ဖီထုတ်များတင် ဆောင်လာသည့် Isuzu Forwoard (ဖြူ/ပြာရောင်) (၆)ဘီးကုန်တင်ကားမောင်းသူသည် အခင်းဖြစ်နေရာအရောက်၌ အိပ်ငိုက်ပြီး ရှေ့မှအဝတ်အထည်များတင်ဆောင်ကာ မောင်းနှင်နေသော Nissan Condor (အဖြူရောင်) (၆) ဘီးကုန်တင်ကား၏ နောက် ပိုင်းကို အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း သိရသည်။

"ပုဆိုးနဲ့အဝတ်အထည်တွေတင်လာတဲ့ ၆ ဘီးကားကို ပန်းဂေါ်ဖီထုတ်တွေသယ်လာတဲ့ကားရဲ့ ယာဉ်မောင်းက အိပ်ငိုက်ပြီးအရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိတာ။ တိုက်ခံရတဲ့ကားက တစ်ပတ်လည်ပြီးမှောက်သွားတယ်။ ပြီးတော့လမ်းဘေးမြေသားလမ်းပေါ်ရောက်သွားပါတယ်။ ဝင်တိုက်တဲ့ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ကုက္ကိုပင်ကို ဝင်တိုက်မိပြီးရပ်သွားပါတယ်"ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။

ဖြစ်စဥ်ကြောင့် ပန်းဂေါ်ဖီထုတ်များတင်လာသည့်ကားပေါ်မှ ယာဉ်မောင်း နှင့်ယာဥ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

"အဝတ်အထည်တွေတင်လာတဲ့ကားပေါ်က ၂ ယောက်က ဒဏ်ရာရတာမရှိပါဘူး။ ပန်းဂေါ်ဖီထုတ်တွေတင်လာတဲ့ကားက ကုက္ကိုပင်ကိုဝင်တိုက်မိတဲ့အတွက် ကားမောင်းတဲ့လူရယ်၊ ယာဥ်နောက်လိုက်ရယ်ဒဏ်ရာရခဲ့ပါတယ်"ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းပိုင်လူနာတင်ကားဖြင့် နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၃၀၂/၂ နှင့် ၃၀၂/၁ ကြားတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်၊ ည ၆ နာရီခန့်ကလည်း အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ကားမှ လမ်းဖြတ်ကူးသောဆိုင်ကယ်အားဝင်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်လာသူသေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကို အစားထိုးခန့် အပ်ခဲ့ပြီး နစက ဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီးနေရာအချို့ အပြောင်းအလဲဖြစ်

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved