ဂျွန်နီဒေ့ရဲ့ဇနီးဟောင်း အန်ဘာဟက် "Aquaman 2' မှာ ပြန်လည်ပါဝင်လာ
ရောင်နီ (NSS) - ဇန်နဝါရီ ၇
ဂျွန်နီဒေ့ရဲ့ဇနီးဟောင်း အန်ဘာဟက်ဟာ "Aquaman and the Lost Kingdom" မှာ သူမ ပြန်လည်ပါဝင်လာခဲ့ခြင်းအတွက် သူမရဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အန်ဘာဟာ ၂ဝ၁၈ ခုနှစ်က ထွက်ရှိတဲ့ "Aquaman" ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး ခင်ပွန်းဟောင်းဂျွန်နီဒေ့ရှ်နဲ့ တရား ရင်ဆိုင်မှုတွေဖြစ်ခဲ့ခြင်းကြောင့် "Aquaman-2" မှာ ပါဝင်လာဖို့ မသေချာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ ၄ ရက်) က သူမ Instagram မှာ တင်ခဲ့တဲ့ post အရ "Aquaman - 2" မှာ ဆက်လက် ပါဝင်သွားမယ်လို့ သိရပါတယ်။
ဇာတ်ကားသစ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဟက်ဟာ ဒီဇာတ်ကားမှာ ဇာတ်ကောင် Mera အဖြစ် ပြန်လည်သရုပ်ဆောင်ထားပါတယ်။ ဒီအတွက် Instagram မှာ သူမက "Mera ပြန်လာခြင်းအတွက် တစ်ခဲနက်အားပေးခြင်း၊ ချစ်ခြင်းအတွက် ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် #aquaman" လို့ ပြောကြားခဲ့ပါတယ်။
ဟက်ဟာ ခင်ပွန်းဟောင်း ဂျွန်နီဒေ့ကို အသရေဖျက်မှုနဲ့ ၂ဝ၂၂ ခုနှစ်က တရားရင်ဆိုင်ခဲ့ရပြီး ဝေဖန်မှုများစွာရရှိခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်၌ မီးလောင်မှုကြောင့် ကျပ် (၃၅)ဘီလျံ စံချိန်တင်ဆုံးရှုံးခဲ့ပြီး သောင်းကျန်းသူများ၏ ရှို့မီးကြောင့် အများဆုံးဆုံးရှုံးခဲ့
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ