စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၅၀)အတွက် ဝန်ထမ်းများ ခေါ်ယူ
စော (NSS) - ဇန်နဝါရီ ၆
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၅၀)အတွက် ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ် သည်။
အဆိုပါ ရာထူးနေရာ (၅၀)အနက် ဒုဦးစီးမှူးရာထူးအတွက် (၄၅)ဦး ခေါ်ယူ သွားမည်ဖြစ်၍ စီးပွားရေးနှင့်ဆက်နွယ်သည့် ပညာရပ်ဆိုင်ရာ ဘွဲ့ရရှိရမည်ဖြစ်ပြီး အမျိုးသားများကို ဦးစားပေး ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အငယ်တန်းစာရေးရာထူးအတွက် (၅)ဦးကို ခေါ်ယူသွားမည်ဖြစ်ပြီး ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ဖေဖော်ဝါရီလ (၁၅)ရက်တွင် အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို ရုံးချုပ် သို့မဟုတ် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် စီမံကိန်း ဦးစီးရုံးများသို့ ဖေဖော်ဝါရီလ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေးဖြေစာမေးပွဲများတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်များကို စစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ရရှိသူစာရင်း၊ အချိန် နှင့် နေရာများကို စီမံကိန်းရေးဆွဲရေးဦးစီးဌာန web page နှင့် တိုင်း/ပြည်နယ် စီမံကိန်းဦးစီးရုံးများတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ နှင့် သံတမန်ရေးအရဆွေးနွေးမှုများလုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း