တရုတ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုက ရွေးချယ်စရာတစ်ခုမဟုတ်ဘဲ မရှိမဖြစ် အရေးပါသည့်အရာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - ဇန်နဝါရီ ၆
တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အရေးအကြီးဆုံးတာဝန်မှာ နှစ်နိုင်ငံကြား မှန်ကန်သော နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဇန်နဝါရီလ(၅)ရက် တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာကြီးအတွက် ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘဲ မရှိမဖြစ်လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်ကြောင်း ဝမ်ယီကထပ်မံပြောဆိုခဲ့သည်။ ဝမ်ယိက "ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နဲ့ အမေရိကန်တို့ကြား ပြေလည်နိုင်ဖို့အတွက် အမှန်ကန်ဆုံးသောရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ တရုတ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံလုံးအတွက်ကော ကမ္ဘာကြီးအတွက်ပါ ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘဲ အလေးအနက်ထားရမယ့် အရေးပါတဲ့ကိစ္စတစ်ခုပါ" ဟု ပြောခဲ့သည်။
အမျိုးသားလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၊ ကုန်သွယ်မှုကန့်သတ်ချက်များ၊ ရာသီဥတုပြောင်းလဲမှုများ နှင့် ထိုင်ဝမ်အရေးကိစ္စတို့အပါအဝင် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ် နှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တရုတ် နှင့် အမေရိကန်တို့သည် အငြင်းပွားတောင်တရုတ်ပင်လယ် အတွင်း တင်းမာမှုများပိုမိုမြင့်တက်လာမှုနှင့်အတူ အပြိုင်စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုများကို ကာကွယ်ခြင်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများ၊ ရွေးချယ်မှုများကို လေးစားလိုက်နာသည့်အနေဖြင့် အမေရိကန်အစိုးရသည် ၎င်း၏ သဘောထားများကို ဖြေလျှော့ပေးမည်ဟု မျှော်လင့်မိကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ အပြန်အလှန်လေးစားမှုကိုအခြေခံပြီး တည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ဖက်က ကတိပြုပါတယ်" ဟု ဝမ်ယိက ပြောဆိုခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၅၀)အတွက် ဝန်ထမ်းများ ခေါ်ယူ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ