ရန်ကင်းမြို့တွင် အိမ်စီးကားတစ်စီး ဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
စော (NP News) - မတ် ၁၈
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် အိမ်စီးကားတစ်စီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ ကျောက်ကုန်းလမ်း၌ မတ်လ (၁၇)ရက်၊ ည(၉)နာရီ (၅ဝ)မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ သိရသည်။
“ဝါယာကြိုးကလျှော့ဖြစ်တယ်ပဲပြောရမယ်။ ကားပေါ်မှာလူဘယ်နှစ်ယောက်ပါလဲတော့မသိဘူး။ ရောက်တဲ့အချိန်မှာတော့ လူနှစ်ယောက်တော့တွေ့တယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိပါဘူး။ လန့်သွားတာတော့ရှိတယ်။ ဆိုးဆိုးရွားရွား ဖြစ်သွားတာတော့မရှိပါဘူး” ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ မီးလောင်မှုအား ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် အပါအဝင် လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည(၉)နာရီ (၅၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း မေတ္တာအလင်းလူမှု ကူညီရေးအသင်းထံမှ သိရသည်။
zawgyi version
စော (NP News) - မတ် ၁၈
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲပေါင်း (၂ဝဝဝ)ကျော်အတွက် ကြမ်းခင်းစျေးကို ယူရိုငွေဖြင့်သတ်မှတ်ရောင်းချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း