Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လေးရက်အကြာတွင် လူ(၂၅၀)နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များပြော

Pika (NSS) - ဇန်နဝါရီ ၅ 

ဂျပန်နိုင်ငံတွင် ဇန်နဝါရီလ(၁)ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဇန်နဝါရီလ(၅)ရက်အထိ သေဆုံးသူဦးရေမှာ (၉၂)ဦးထိ မြင့်တက်လာခဲ့ပြီး အခြားလူ(၂၅ဝ)နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။


ဇန်နဝါရီလ(၁)ရက်တွင် ပြင်းအား (၇ ဒသမ ၅) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လေးရက်အကြာတွင် ထောင်နှင့်ချီသော ကယ်ဆယ်ရေးသမားများသည် အခြားအသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်နိုင်ရန် အတွက် ဆက်လက်ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတစ်ဝှမ်းမှ ထောင်နှင့်ချီသော ကယ်ဆယ်ရေးသမားများသည် နောက်ဆက်တွဲငလျင်များကို ရင်ဆိုင်နေရပြီး Ishikawa ဒေသတွင် ရာနှင့်ချီသော လူများထံ ရောက်ရှိနိုင်ရန်အတွက် ပျက်စီးနေသော လမ်းမများ၊ မြေပြိုမှုများဖြင့် ပိတ်ဆို့နေသောလမ်းမများကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းနေရကြောင်းလည်း သိရသည်။

Noto ကျွန်းဆွယ်ရှိ ဆိပ်ကမ်းမြို့ Wajima မြို့သည် အဆိုးရွားဆုံးထိခိုက်သည့်နေရာများထဲမှ တစ်ခုဖြစ်ပြီး ရာနှင့်ချီ သော နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ 


"ငလျင်လှုပ်တဲ့အချိန်မှာ ကျွန်တော် နှစ်သစ်ကူးနေ့မှာ အပန်းဖြေနေတာပါ။ ကျွန်တော့်ရဲ့ဆွေမျိုးတွေအားလုံးလည်း ဒီနေရာမှာပဲ ရှိနေကြတာပါ။ ကျွန်တော်တို့နေအိမ်က အများကြီး မပျက်စီးခဲ့ပေမယ့်လည်း နေထိုင်ဖို့ကတော့ နည်းနည်းခက်ခဲသွားပါပြီ။ ရှေ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်အများကြီး မစဉ်းစားနိုင်တော့ပါဘူး" ဟု အသက်(၅၃)နှစ်အရွယ် Hiroyuki Hamatani က  ပြောခဲ့သည်။


ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရာနှင့်ချီသော နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူ(၃၃ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ Ishikawa ဒေသတွင် အိမ်ထောင်စု(၃)သောင်းဝန်းကျင် လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ကြုံတွေ့နေရပြီး နေအိမ်ပေါင်း (၈၉၈ဝဝ) နှင့် အိမ်နီးချင်းဒေသနှစ်ခုတွင် ရေပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။ 

ထို့အပြင် ရာနှင့်ချီသောလူများသည် အစိုးရ၏ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံတွင် ရာနှင့်ချီသောငလျင်များကို နှစ်စဉ်ကြုံတွေ့နေရပြီး ငလျင်အများစုမှာ ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံသားများအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို မစွန့်လွှတ်သင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved