Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNDF ပူးပေါင်းအဖွဲ့များ တပ်စွဲထားသော ပင်လောင်းမြို့ရှိ နန်းနိန်ရွာကို ပြန်လည်ရရှိရန် ကြိုးစားနေကြောင်း PNO/PNA ထိပ်ပိုင်းခေါင်းဆောင် ဆို

NP News - မတ် ၁၇

KNDF ပူးပေါင်းအဖွဲ့များ တပ်စွဲထားသော ပင်လောင်းမြို့နယ်ရှိ နန်းနိန်ရွာကို ပြန်လည်ရရှိရန် ကြိုးစားနေကြောင်း PNO/PNA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) မှ ထိပ်ပိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းရွှေက ယနေ့(မတ်လ ၁၇ ရက်) ညနေပိုင်းတွင် NP News ကို ပြောဆိုထားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသဖြစ်သည့် ပင်လောင်းမြို့နယ်၊ နန်းနိန်ရွာ၌ KNDF ပူးပေါင်းအဖွဲ့အနေဖြင့် မတ်လ ၁၆ ရက်နေ့ အထိ တပ်စွဲထားဆဲဖြစ်ကြောင်း ပအိုဝ်းဒေသခံများကလည်း NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ နန်းနိန်ရွာအခြေအနေနှင့်ပတ်သက်၍ PNO/PNA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းရွှေက “ ဒီနေ့အချိန်ထိတော့ သူတို့က ရွာထဲမှာတော့ မရှိတော့ဘူး။ ရွာပတ်ဝန်းကျင်မှာ Sniper တွေ၊ ဘာတွေနဲ့တော့ ထိုင်ထားတာ ရှိသေးတာပေါ့။ ကျွန်တော်တို့ အဖွဲ့နဲ့ တပ်ကတော့ အဲဒီနေရာတွေကို ပြန်ရဖို့ ကြိုးစားနေဆဲပေါ့” ဟု ပြောသည်။

ထို့ပြင် နန်းနိန်ရွာ၊ လုံးပြင်ရွာနှင့် တောင်မဲသင်းရွာတစ်ဝိုက်တို့တွင်လည်း နှစ်ဖက်အကြား၌ လက်ရှိအချိန်ထိ စစ်ရေး တင်းမာလျက်ရှိကြောင်း ဦးခွန်ထွန်းရွှေက ပြောဆိုထားသည်။

ပြီးခဲ့သော မတ်လ ၁၅ ရက်တွင် ပအိုဝ်းတိုင်းရင်းသားအများအပြားသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ KNDF နှင့်အပေါင်းအပါများမှ ပအိုဝ်းဒေသ၌ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။

ယနေ့တွင်လည်း ပင်လောင်းမြို့နယ်ရှိ ပင်ပွံကျေးရွာ၌ တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပင်ပွံရွာမှာတော့ ဒီနေ့တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ မနက် ၁ဝ နာရီလောက်မှာ စဖြစ်တယ်။ ကျွန်တော်တို့ကတော့ အဝေးကနေ Sniper မှန်ပြောင်းနဲ့ကြည့်တာတော့ သူတို့ PDF ဘက်က လူနာတွေကို ကားနဲ့လာဆွဲတင်တာရှိတယ်။ နောက်ပြီးတော့ သတင်းရတာတော့ တစ်ယောက်တော့ အရှင်ဖမ်းမိတယ်လို့ ကြား တယ်” ဟု PNO/PNA မှ ဦးခွန်ထွန်းရွှေက ဆက်လက်ပြောဆိုထားသည်။

KNDF ပူးပေါင်းအဖွဲ့များအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် ပအိုဝ်းဒေသ၌ ပဋိပက္ခများဖြစ်ပွားကာ တိုက်ပွဲများဖြစ်ပွားရ ခြင်းဖြစ်ကြောင်း PNO/PNA ဘက်က ပြောဆိုထားသည်။


Zawgyi Version; 

KNDF ပူးေပါင္းအဖြဲ႕မ်ား တပ္စြဲထားေသာ ပင္ေလာင္းၿမိဳ႕ရွိ နန္းနိန္႐ြာကို ျပန္လည္ရရွိရန္ ႀကိဳးစားေနေၾကာင္း PNO/PNA ထိပ္ပိုင္းေခါင္းေဆာင္ ဆို


NP News - မတ္ ၁၇

KNDF ပူးေပါင္းအဖြဲ႕မ်ား တပ္စြဲထားေသာ ပင္ေလာင္းၿမိဳ႕နယ္ရွိ နန္းနိန္႐ြာကို ျပန္လည္ရရွိရန္ ႀကိဳးစားေနေၾကာင္း PNO/PNA ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးက ေျပာသည္။

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္/ပအိုဝ္းအမ်ိဳးသားတပ္မေတာ္(PNO/PNA) မွ ထိပ္ပိုင္ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးခြန္ထြန္းေ႐ႊက ယေန႔(မတ္လ ၁၇ ရက္) ညေနပိုင္းတြင္ NP News ကို ေျပာဆိုထားသည္။

ပအိုဝ္းကိုယ္ပိုင္အုပ္ခြင့္ရေဒသျဖစ္သည့္ ပင္ေလာင္းၿမိဳ႕နယ္၊ နန္းနိန္႐ြာ၌ KNDF ပူးေပါင္းအဖြဲ႕အေနျဖင့္ မတ္လ ၁၆ ရက္ေန႔ အထိ တပ္စြဲထားဆဲျဖစ္ေၾကာင္း ပအိုဝ္းေဒသခံမ်ားကလည္း NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ နန္းနိန္႐ြာအေျခအေနႏွင့္ပတ္သက္၍ PNO/PNA ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးခြန္ထြန္းေ႐ႊက “ ဒီေန႔အခ်ိန္ထိေတာ့ သူတို႔က ႐ြာထဲမွာေတာ့ မရွိေတာ့ဘူး။ ႐ြာပတ္ဝန္းက်င္မွာ Sniper ေတြ၊ ဘာေတြနဲ႔ေတာ့ ထိုင္ထားတာ ရွိေသးတာေပါ့။ ကြၽန္ေတာ္တို႔ အဖြဲ႕နဲ႔ တပ္ကေတာ့ အဲဒီေနရာေတြကို ျပန္ရဖို႔ ႀကိဳးစားေနဆဲေပါ့” ဟု ေျပာသည္။

ထို႔ျပင္ နန္းနိန္႐ြာ၊ လုံးျပင္႐ြာႏွင့္ ေတာင္မဲသင္း႐ြာတစ္ဝိုက္တို႔တြင္လည္း ႏွစ္ဖက္အၾကား၌ လက္ရွိအခ်ိန္ထိ စစ္ေရး တင္းမာလ်က္ရွိေၾကာင္း ဦးခြန္ထြန္းေ႐ႊက ေျပာဆိုထားသည္။

ၿပီးခဲ့ေသာ မတ္လ ၁၅ ရက္တြင္ ပအိုဝ္းတိုင္းရင္းသားအမ်ားအျပားသည္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၌ KNDF ႏွင့္အေပါင္းအပါမ်ားမွ ပအိုဝ္းေဒသ၌ လူအစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့မႈအေပၚ ကန႔္ကြက္ရႈတ္ခ်ပြဲျပဳလုပ္ခဲ့ၿပီး ၎တို႔အေနျဖင့္ ပအိုဝ္းေဒသမွ အျမန္ဆုံးဆုတ္ခြာသြားရန္ ေတာင္းဆိုခဲ့ၾကသည္။

ယေန႔တြင္လည္း ပင္ေလာင္းၿမိဳ႕နယ္ရွိ ပင္ပြံေက်း႐ြာ၌ တပ္မေတာ္ႏွင့္ KNDF ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ပင္ပြံ႐ြာမွာေတာ့ ဒီေန႔တိုက္ပြဲက ေတာ္ေတာ္ေလးျပင္းထန္တယ္။ မနက္ ၁ဝ နာရီေလာက္မွာ စျဖစ္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ အေဝးကေန Sniper မွန္ေျပာင္းနဲ႔ၾကည့္တာေတာ့ သူတို႔ PDF ဘက္က လူနာေတြကို ကားနဲ႔လာဆြဲတင္တာရွိတယ္။ ေနာက္ၿပီးေတာ့ သတင္းရတာေတာ့ တစ္ေယာက္ေတာ့ အရွင္ဖမ္းမိတယ္လို႔ ၾကား တယ္” ဟု PNO/PNA မွ ဦးခြန္ထြန္းေ႐ႊက ဆက္လက္ေျပာဆိုထားသည္။

KNDF ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ ယခုႏွစ္ ေဖေဖာ္ဝါရီ ၂၃ ရက္မွစတင္ကာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာသည့္အတြက္ ပအိုဝ္းေဒသ၌ ပဋိပကၡမ်ားျဖစ္ပြားကာ တိုက္ပြဲမ်ားျဖစ္ပြားရ ျခင္းျဖစ္ေၾကာင္း PNO/PNA ဘက္က ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့တွင် တစ်လတိတိ EV Taxi ကား(၂)စီးကို အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်ပြီး နေပြည်တော်တွင်လည်း မကြာမီ စတင်မည်

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved