Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့တွင် တစ်လတိတိ EV Taxi ကား(၂)စီးကို အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်ပြီး နေပြည်တော်တွင်လည်း မကြာမီ စတင်မည်

ယွန်း (NP News) - မတ် ၁၇

ရန်ကုန်မြို့တွင် EV တက္ကစီများကို မတ်လ(၁၅)ရက်နေ့မှ ဧပြီလ(၁၄)ရက်နေ့အထိ တစ်လနီးပါး အခမဲ့စီးနင်းခွင့်နှင့် မောင်းနှင် ခွင့်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လျှပ်စစ်ကား အသွင်းကူးပြောင်းရေး စမ်းသပ်ကာလအတွင်း EV ကားစီးခြင်းဖြင့် ရေရှည်ကုန်ကျစရိတ် သက်သာကြောင်းကို  အများပြည်သူ သတိထားမိရန်နှင့် အသိအမှတ်ပြုစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့စီးနင်းခွင့်ကို မတ်လ(၁၅)ရက်မှ စတင်ကာ တစ်လတိတိ စီးနင်းခွင့်ပြုသွားမည်ဖြစ်ပြီး  EV ကား(၂)စီး သာ အသုံးပြုသွားမည်ဖြစ်ကြောင်း EV Myanmar Group မှ တာဝန်ရှိသူ ကိုကျော်ကျော်ထွန်းက ဆိုသည်။

“ကျွန်တော်တို့က ကား အားလုံးတော့ အခမဲ့ပေးစီးတာ မဟုတ်ဘူး။ ကား(၂)စီးပေါ့။ တစ်စီးကတော့ ယာဥ်မောင်း အဖြစ် ပြောင်းလာချင်တဲ့သူတွေအတွက် စိတ်ဝင်စားတဲ့ ကားတစ်စီးရယ် လိုက်စီးရုံပဲ စီးမယ်ဆိုတဲ့သူတွေအတွက် ကျွန်တော်တို့က သပ်သပ်တစ်စီး စီစဥ်ပေးထားတာပါ။ ကျွန်တော်တို့က ကားရောင်းတာလည်း မဟုတ်ဘူး။ ကား ကောင်းကြောင်းလည်း ပြောတာမဟုတ်ဘူး။ ပြည်သူတွေကို ခရီးချောချောမွေ့မွေ့ဖြစ်အောင်ရယ် EV ကို လက်ခံ လာအောင် ဒါလေးကို ဆောင်ရွက်ပေးဖြစ်တာပါ” ဟု ကိုကျော်ကျော်ထွန်းမှ NP News ကို ပြောသည်။  

EV တက္ကစီကို အခမဲ့စီးနင်းချင်သူများအနေဖြင့် www.myantickets.com ဝက်ဘ်ဆိုက်တွင် ကြိုတင်စာရင်းပေး သွင်းရန် လိုပြီး စည်းကမ်းချက်များနှင့်အညီ စီးနင်းရန်လိုကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

အဆိုပါ EV တက္ကစီများကို အမှတ်(၄၈)(၄၆)၊ လသာမြို့နယ်၊ လသာလမ်းရှိ Panasonic showroom ရှေ့တွင် နံနက် (၈)နာရီ မှ ညနေ(၅)နာရီ အထိ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်(၈)နာရီကနေ စပြီး‌စီးလို့ရမှာပေါ့ လူချောင်ရင်ချောင်သလို၊ လူကျပ်ရင်ကျပ်သလိုပေါ့။ တစ်ယောက်ကိုတော့ အများကြီး အချိန်ပေးလို့မရဘူးလေ။ public နဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် လသာလမ်းကနေ ဆူးလေ တစ်ပတ်၊ လူကျပ်တယ်ဆိုရင်တော့ ဘုရားလမ်းတစ်ပတ်ပေါ့ သွားနေရင်းနဲ့ ကျွန်တော်တို့က တက္ကစီအကြောင်းတွေ ကို ရှင်းပြပေးပါတယ်” ဟု ကိုကျော်ကျော်ထွန်း မှ ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် EV တက္ကစီ စီးနင်းရင် စာရင်းပေးထားသူ (၂ဝဝ)‌ကျော်အထိ ရှိကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်တွင်လည်း အဆိုပါအစီအစဥ်ကို ဧပြီလ(၈)ရက်နှင့် (၉)ရက်များတွင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကိုကျော်ကျော်ထွန်းမှ အသိပေးပြောထားသည်။


Zawgyi Version; 

ရန္ကုန္ၿမိဳ႕တြင္ တစ္လတိတိ EV Taxi ကား(၂)စီးကို အခမဲ့စီးနင္းခြင့္ျပဳသြားမည္ျဖစ္ၿပီး ေနျပည္ေတာ္တြင္လည္း မၾကာမီ စတင္မည္

ယြန္း (NP News) - မတ္ ၁၇

ရန္ကုန္ၿမိဳ႕တြင္ EV တကၠစီမ်ားကို မတ္လ(၁၅)ရက္ေန႔မွ ဧၿပီလ(၁၄)ရက္ေန႔အထိ တစ္လနီးပါး အခမဲ့စီးနင္းခြင့္ႏွင့္ ေမာင္းႏွင္ ခြင့္မ်ားကို ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့လွ်ပ္စစ္ကား အသြင္းကူးေျပာင္းေရး စမ္းသပ္ကာလအတြင္း EV ကားစီးျခင္းျဖင့္ ေရရွည္ကုန္က်စရိတ္ သက္သာေၾကာင္းကို  အမ်ားျပည္သူ သတိထားမိရန္ႏွင့္ အသိအမွတ္ျပဳေစရန္အတြက္ ရည္႐ြယ္၍ ေဆာင္႐ြက္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမဲ့စီးနင္းခြင့္ကို မတ္လ(၁၅)ရက္မွ စတင္ကာ တစ္လတိတိ စီးနင္းခြင့္ျပဳသြားမည္ျဖစ္ၿပီး  EV ကား(၂)စီး သာ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း EV Myanmar Group မွ တာဝန္ရွိသူ ကိုေက်ာ္ေက်ာ္ထြန္းက ဆိုသည္။

“ကြၽန္ေတာ္တို႔က ကား အားလုံးေတာ့ အခမဲ့ေပးစီးတာ မဟုတ္ဘူး။ ကား(၂)စီးေပါ့။ တစ္စီးကေတာ့ ယာဥ္ေမာင္း အျဖစ္ ေျပာင္းလာခ်င္တဲ့သူေတြအတြက္ စိတ္ဝင္စားတဲ့ ကားတစ္စီးရယ္ လိုက္စီး႐ုံပဲ စီးမယ္ဆိုတဲ့သူေတြအတြက္ ကြၽန္ေတာ္တို႔က သပ္သပ္တစ္စီး စီစဥ္ေပးထားတာပါ။ ကြၽန္ေတာ္တို႔က ကားေရာင္းတာလည္း မဟုတ္ဘူး။ ကား ေကာင္းေၾကာင္းလည္း ေျပာတာမဟုတ္ဘူး။ ျပည္သူေတြကို ခရီးေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေအာင္ရယ္ EV ကို လက္ခံ လာေအာင္ ဒါေလးကို ေဆာင္႐ြက္ေပးျဖစ္တာပါ” ဟု ကိုေက်ာ္ေက်ာ္ထြန္းမွ NP News ကို ေျပာသည္။  

EV တကၠစီကို အခမဲ့စီးနင္းခ်င္သူမ်ားအေနျဖင့္ www.myantickets.com ဝက္ဘ္ဆိုက္တြင္ ႀကိဳတင္စာရင္းေပး သြင္းရန္ လိုၿပီး စည္းကမ္းခ်က္မ်ားႏွင့္အညီ စီးနင္းရန္လိုေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

အဆိုပါ EV တကၠစီမ်ားကို အမွတ္(၄၈)(၄၆)၊ လသာၿမိဳ႕နယ္၊ လသာလမ္းရွိ Panasonic showroom ေရွ႕တြင္ နံနက္ (၈)နာရီ မွ ညေန(၅)နာရီ အထိ စီးနင္းခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္(၈)နာရီကေန စၿပီး‌စီးလို႔ရမွာေပါ့ လူေခ်ာင္ရင္ေခ်ာင္သလို၊ လူက်ပ္ရင္က်ပ္သလိုေပါ့။ တစ္ေယာက္ကိုေတာ့ အမ်ားႀကီး အခ်ိန္ေပးလို႔မရဘူးေလ။ public နဲ႔ အလုပ္လုပ္ရတာျဖစ္တဲ့အတြက္ လသာလမ္းကေန ဆူးေလ တစ္ပတ္၊ လူက်ပ္တယ္ဆိုရင္ေတာ့ ဘုရားလမ္းတစ္ပတ္ေပါ့ သြားေနရင္းနဲ႔ ကြၽန္ေတာ္တို႔က တကၠစီအေၾကာင္းေတြ ကို ရွင္းျပေပးပါတယ္” ဟု ကိုေက်ာ္ေက်ာ္ထြန္း မွ ဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ EV တကၠစီ စီးနင္းရင္ စာရင္းေပးထားသူ (၂ဝဝ)‌ေက်ာ္အထိ ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္တြင္လည္း အဆိုပါအစီအစဥ္ကို ဧၿပီလ(၈)ရက္ႏွင့္ (၉)ရက္မ်ားတြင္ ေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း ကိုေက်ာ္ေက်ာ္ထြန္းမွ အသိေပးေျပာထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဧက(၂ဝဝဝဝ)ကျော် ကျယ်ဝန်းသောနယ်မြေကို “နန်ဖာဒင်ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved