UEC ဥက္ကဋ္ဌ အပါအဝင် ဟာသပညာရှင်များနှင့် လူပုဂ္ဂိုလ်ပေါင်း (၅၀၀)ကျော်ကို နစကမှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်
ယွန်း (NSS) - ဇန်နဝါရီ ၄
UEC ဥက္ကဋ္ဌအပါအဝင် ဟာသပညာရှင်များနှင့် ဝန်ကြီးဌာနအချို့ရှိ လူပုဂ္ဂိုလ်ပေါင်း(၅၂၅)ဦးကို နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ကျရောက်သော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ အထက်ပါဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ပေးအပ်လိုက်ကြောင်း နစကအစိုးရက အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်တို့ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် ဗိုလ်ကြီးသက်ပိုင်ထက်တို့(၂)ဦးအား တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဘွဲ့များပေးအပ်ခဲ့ပြီး စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချိဘွဲ့များကို သံဃာတော်(၄)ပါးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်တို့ကို ပေးအပ်ခဲ့သည်။
အလားတူ ဇေယျကျော်ထင်ဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် ဗိုလ်ချုပ်ခင်ဇော်(ငြိမ်း)တို့ကို ပေးအပ်ခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကို စုစု ပေါင်းလူပုဂ္ဂိုလ်(၉၆)ဦးအားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ကို စုစုပေါင်း(၅)ဦးနှင့် သိပ္ပကျော်စွာ ဘွဲ့ကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ လူပုဂ္ဂိုလ်(၂)ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အတွက် (၉)ဦး၊ ရဲသူရတံဆိပ်အတွက် (၄) ဦး၊ ရဲဗလတံဆိပ်အတွက် (၁၄၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရိန်တံဆိပ်အား မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ(၁)ဦးကို ပေးအပ်ခဲ့သည်။
အလားတူ ရဲကျော်သူတံဆိပ် (၂)ဦး၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်) (၁၈)ဦး၊ စီမံထူးချွန် တံဆိပ်(ဒုတိယဆင့်) (၃၄)ဦးနှင့် စီမံထူးချွန်တံဆိပ်(တတိယဆင့်) စုစုပေါင်း(၅၃)ဦးတို့ကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုထူးချွန်တံဆိပ်(ပထမဆင့်) စုစုပေါင်း(၂၃)ဦးနှင့် ဒုတိယအဆင့် စုစုပေါင်း(၁၄)ဦးတို့ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)များကို ဟာသပညာရှင်များဖြစ်သည့် ဦးမိုးဒီ၊ ဦးငြိမ်းချမ်း၊ ဦးနေကျော်နှင့် ဦးဥသြတို့ အပါအဝင် (၃၇)ဦးတို့ကိုလည်း နစကမှ ပေးအပ်ခဲ့သည့်အပြင် စီးပွားထူးချွန်တံဆိပ်များ၊ လယ်ယာစီးပွားရေး ထူးချွန်တံဆိပ်(ဒုတိယအဆင့်) တစ်ဦးနှင့် တတိယအဆင့် (၁၈)ဦး ပေးအပ်ခဲ့သည်။
စက်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် စုစုပေါင်း လူပုဂ္ဂိုလ်(၉)ဦး၊ ဝန်ဆောင်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၁၄)ဦး၊ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များ၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမဆင့်) နှင့် (ဒုတိယဆင့်)တို့အတွက် (၂)ဦးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)အတွက် (၅)ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၂)ဦး၊ နည်းပညာထူးချွန် တံဆိပ်(ပထမဆင့်)၊ (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၁၅)ဦး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၇)ဦးနှင့် စာပေပညာ ထူးချွန်တံဆိပ်(တတိယဆင့်)အတွက်လည်း (၂)ဦးပေးအပ်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ လိုတစ်မျိုး မလိုတစ်မျိုး စံနှစ်ခွ ဆက်ဆံရေးနှင့် ကမ္ဘာ့နိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှု (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း