မြန်မာနိုင်ငံမြောက်ပိုင်းက ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ တရုတ်နိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
မြန်မာနိုင်ငံမြောက်ပိုင်းက ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေဟာ တရုတ်နိုင်ငံဘက်ခြမ်းကို ဇန်နဝါရီလ ၃ ရက်က ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တရုတ်နိုင်ငံသား အနည်းဆုံး ၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ တရုတ်မီဒီယာတွေမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံလောက်ကိုင်မြို့မှ ပစ်ခတ်လိုက်သောကျည်ဆံတွေဟာ နန်ဆန် အရပ်ဒေသကို ဇန်နဝါရီလ ၃ ရက်၊ နေလည် ၂နာရီကျော်က ကျရောက် ပေါက်ကွဲခဲ့တယ်လို့ တရုတ်အာဏာပိုင်များက ပြောပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ဒဏ်ရသူ ငါးဦးကို ဆေးရုံကိုတင်ပို့ခဲ့ရကြောင်း၊ Zhenkang မြို့တာဝန်ရှိသူများက ထပ်မံပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့နေရာတွေဟာ တရုတ်နဲ့ မြန်မာနယ်စပ်ဒေသကနေ ၅၀၀ မီတာအကွာတွင်ရှိနေပါတယ်။ တရုတ်နိုင်ငံ နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရဟာ တရုတ်နိုင်ငံသားတွေကိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဘက်ခြမ်းကို ခရီးမသွားဖို့တိုက်တွန်းတောင်းဆိုထားသလိုလောက်ကိုင်မြို့ကနေ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ တောင်းဆိုထားကြောင်းသိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အောက်တိုဘာလ ၂၇ ရက်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမှာ တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာခဲ့ရာ လူပေါင်း ၆၆၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်းသိရပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းအခြေနေပြန်လည် တည်ငြိမ်ဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေကို သည်းခံချုပ်တည်းဖို့ တိုက်တွန်းတောင်းဆိုထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UEC ဥက္ကဋ္ဌ အပါအဝင် ဟာသပညာရှင်များနှင့် လူပုဂ္ဂိုလ်ပေါင်း (၅၀၀)ကျော်ကို နစကမှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ