တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နဲ့ တရုတ်တို့ အပြိုင်အဆိုင်စစ်ရေးလေ့ကျင့်နေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီးတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ အပြိုင်အဆိုင်စစ်ရေးလေ့ကျင့်ခန်းတွေကို ဇန်နဝါရီလ ၄ ရက်မှာ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
တရုတ်စစ်တပ်က တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့နေရာတွေမှာ ရေတပ် နဲ့ လေတပ်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်စစ်တပ်ဟာ စစ်ရေးလေ့ကျင့်ခန်းရည်ရွယ်ချက်အပြင် တပ်ဖွဲ့ဝင်ဘယ် လောက်ပါဝင်မယ်ဆိုတဲ့အချက်ကိုအသေးစိတ်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ အဆိုပါ တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်ရဲ့ USS Carl Vinson အမည်ရှိလေယာဉ်တင်သင်္ဘောအုပ်စု ဦးဆောင်ပြီး ဖိလစ်ပိုင်ရေတပ်နဲ့အတူ (၂)ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကိုလုပ်ဆောင်နေကြောင်းသိရပါတယ်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေ အများစုကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ ကြေညာခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့လတွေမှာ ဖိလစ်ပိုင် စစ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာခဲ့ကြောင်းသိရပါတယ်။ တရုတ်နဲ့ အငြင်းပွားမှုအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရဟာ အမေရိကန် နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းရှိနေရာအများစုကို ၎င်းတို့ပိုင်ဆိုင်တယ်လို့သတ်မှတ်ပြီး နိုဝင်ဘာလနောက်ပိုင်းကတည်းက အငြင်း ပွားပိုင်နက်တွေမှာ စစ်ရေးလေ့ကျင့်ခန်းတွေအရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ တရုတ်ရေတပ်သင်္ဘောတွေနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် တစ်လအကြာမှာပဲ အမေရိကန် နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို ထပ်မံလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဖိလစ်ပိုင်နိုင်ငံကို အမေရိကန် နဲ့ ပူးပေါင်းခြင်းများအတွက် မကြာခဏသတိပေးပြောဆိုခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး နှင့် လူ (၂)ဦးသေဆုံး
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ