Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံကိုအာဖရိကတိုက်အနောက်ပိုင်းမှာ ရေတပ်အခြေစိုက်စခန်းတည်ဆောက်ခွင့်မပေးသင့်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော

ဂျန်ဇက် (NP News) - မတ် ၁၇

တရုတ်နိုင်ငံကို အာဖရိကတိုက် အနောက်ပိုင်းရှိ နိုင်ငံတစ်နိုင်ငံမှာ ရေတပ်အခြေစိုက်စခန်းတည်ဆောက်ဖို့ ခွင့်မပြု သင့်ကြောင်း၊ အာဖရိကတိုက်ရှိ အမေရိကန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Michael Langley က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အမေရိကန်ဗိုလ်ချုပ်ကြီးဟာ တရုတ်နိုင်ငံက အာဖရိကအနောက်ပိုင်းရှိ ဘယ်နိုင်ငံမှာ ရေတပ်အခြေစိုက်စခန်း တည်ဆောက်မလဲဆိုတဲ့အချက်ကို အတိအကျထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမယ့် တရုတ်နိုင်ငံကို ရေတပ်အခြေ စိုက်စခန်းတည်ဆောက်ခွင့် ပေးမယ်ဆိုရင် အာဖရိကတိုက်အတွင်းမှာ အမေရိကန်ပေါ် တရုတ်နိုင်ငံက အခွင့်အရေး တွေ ပိုမိုရယူနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

၎င်းက "အာဖရိကတိုက်ရှိ အက်တလန်တစ်ကမ်းရိုးတန်းမှာ တရုတ်နိုင်ငံကို အခြေစိုက်စခန်း တည်ဆောက်ခွင့် ပေးမယ်ဆိုရင် တွက်ချက်မှုတွေတစ်ခုလုံး အပြောင်းအလဲရှိလာနိုင်ပြီး၊ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ အခက်အခဲတွေ ပိုမိုရှိလာနိုင်တယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာနဲ့ အာရှပစိဖိတ်ဒေသမှာ ရေတပ်အင်အားကြီးမားတဲ့နိုင်ငံဖြစ်ပြီး၊ စစ်သင်္ဘောအုပ်စုများစွာ ပိုင်ဆိုင်ထားပါတယ်။ ၎င်းက "ပထဝီဝင်ကမ်းရိုးတန်း အခြေအနေတွေအရ တရုတ်နိုင်ငံကို ရေတပ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပေးမယ်ဆိုရင် အမေရိကန်အပေါ် အခွင့်အရေးကောင်းတွေ ပိုမိုရယူနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို အာဖရိကတိုက်အနောက်ပိုင်းမှာ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ခွင့် မပေးသင့်ဘူး" လို့ပြောပါတယ်။

တရုတ်နိုင်ငံဟာ ၂ဝ၁၇ ခုနှစ်က ပြည်ပနိုင်ငံတွေမှာ ၎င်းတို့ရဲ့ ပထမဆုံးရေတပ်အခြေစိုက်စခန်း တည်ဆောက်ခဲ့ပြီး အာဖရိကတိုက်ရှိ Djibouti နိုင်ငံမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူများက တရုတ်နိုင်ငံဟာ အာဖရိကတိုက်အနောက်ပိုင်းရှိ အန်ဂိုလာနိုင်ငံနဲ့ Equatorial Guinea နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ရေတပ်အခြေစိုက်စခန်းတွေ တည်ဆောက်ဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။

Zawgyi Version;

တ႐ုတ္ႏိုင္ငံကိုအာဖရိကတိုက္အေနာက္ပိုင္းမွာ ေရတပ္အေျခစိုက္စခန္းတည္ေဆာက္ခြင့္မေပးသင့္ေၾကာင္း အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး ေျပာ

ဂ်န္ဇက္ (NP News) - မတ္ ၁၇

တ႐ုတ္ႏိုင္ငံကို အာဖရိကတိုက္ အေနာက္ပိုင္းရွိ ႏိုင္ငံတစ္ႏိုင္ငံမွာ ေရတပ္အေျခစိုက္စခန္းတည္ေဆာက္ဖို႔ ခြင့္မျပဳ သင့္ေၾကာင္း၊ အာဖရိကတိုက္ရွိ အေမရိကန္စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး Michael Langley က ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးဟာ တ႐ုတ္ႏိုင္ငံက အာဖရိကအေနာက္ပိုင္းရွိ ဘယ္ႏိုင္ငံမွာ ေရတပ္အေျခစိုက္စခန္း တည္ေဆာက္မလဲဆိုတဲ့အခ်က္ကို အတိအက်ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံကို ေရတပ္အေျခ စိုက္စခန္းတည္ေဆာက္ခြင့္ ေပးမယ္ဆိုရင္ အာဖရိကတိုက္အတြင္းမွာ အေမရိကန္ေပၚ တ႐ုတ္ႏိုင္ငံက အခြင့္အေရး ေတြ ပိုမိုရယူႏိုင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

၎က "အာဖရိကတိုက္ရွိ အက္တလန္တစ္ကမ္း႐ိုးတန္းမွာ တ႐ုတ္ႏိုင္ငံကို အေျခစိုက္စခန္း တည္ေဆာက္ခြင့္ ေပးမယ္ဆိုရင္ တြက္ခ်က္မႈေတြတစ္ခုလုံး အေျပာင္းအလဲရွိလာႏိုင္ၿပီး၊ အေမရိကန္ႏိုင္ငံကို ကာကြယ္ဖို႔ အခက္အခဲေတြ ပိုမိုရွိလာႏိုင္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ကမာၻနဲ႔ အာရွပစိဖိတ္ေဒသမွာ ေရတပ္အင္အားႀကီးမားတဲ့ႏိုင္ငံျဖစ္ၿပီး၊ စစ္သေဘၤာအုပ္စုမ်ားစြာ ပိုင္ဆိုင္ထားပါတယ္။ ၎က "ပထဝီဝင္ကမ္း႐ိုးတန္း အေျခအေနေတြအရ တ႐ုတ္ႏိုင္ငံကို ေရတပ္အေျခစိုက္စခန္း တည္ေဆာက္ခြင့္ေပးမယ္ဆိုရင္ အေမရိကန္အေပၚ အခြင့္အေရးေကာင္းေတြ ပိုမိုရယူႏိုင္မွာျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ႏိုင္ငံကို အာဖရိကတိုက္အေနာက္ပိုင္းမွာ ေရတပ္အေျခစိုက္စခန္း တည္ေဆာက္ခြင့္ မေပးသင့္ဘူး" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၂ဝ၁၇ ခုႏွစ္က ျပည္ပႏိုင္ငံေတြမွာ ၎တို႔ရဲ႕ ပထမဆုံးေရတပ္အေျခစိုက္စခန္း တည္ေဆာက္ခဲ့ၿပီး အာဖရိကတိုက္ရွိ Djibouti ႏိုင္ငံမွာ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက တ႐ုတ္ႏိုင္ငံဟာ အာဖရိကတိုက္အေနာက္ပိုင္းရွိ အန္ဂိုလာႏိုင္ငံနဲ႔ Equatorial Guinea ႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံမွာ ေရတပ္အေျခစိုက္စခန္းေတြ တည္ေဆာက္ဖို႔ စီစဥ္ထားေၾကာင္း ဆိုပါတယ္။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်းအတွင်း တစ်ရက်တည်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved