အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာ-အီဂျစ်နယ်စပ်ဒေသကိုအပြည့်အဝထိန်းချုပ်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟု ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာ-အီဂျစ်နယ်စပ်ဒေသကို အပြည့်အဝထိန်းချုပ်နိုင်အောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့ နဲ့ ပါလက်စတိုင်းဒေသမှာ စစ်ရှိန်လျော့ချနိုင်ရေးအတွက် ဂါဇာ-အီဂျစ်နယ်စပ်ဒေသကို အပြည့်အဝထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အစ္စရေးဝန်ကြီးချုပ် က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ သီတင်းပတ် ၁၃ ပတ်ထဲကိုရောက်ရှိနေ ပေမယ့် စစ်ပွဲဟာ လအတန်ကြာ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောပါ တယ်။ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွတ်မြောက်ဖို့ နဲ့ ဟားမက်စ်အဖွဲ့ကို အပြီးတိုင်သုတ်သင်နိုင်ဖို့ စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း၊ ဂါဇာဒေသကနေ အစ္စရေးနိုင်ငံ ဘက်ခြမ်းကို နောက်ထပ်ခြိမ်းခြောက်မှုတွေ ထပ်မံမဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး မျိုးဆက်သစ် ကလေးငယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ဆောင်ဖို့ ပညာပေးတာတွေလည်း လုပ်ဆောင်ရမှာဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးမြို့တွေ လုံခြုံရေးထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အရေးကြီးတဲ့မစ်ရှင်တွေကို ထပ်မံလုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ ဂါဇာဒေသ တောင်ပိုင်းဒေသကို အစ္စရေးနိုင်ငံ ထိန်းချုပ်မှုလက်ထဲရောက်ရှိအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စစ်ရေးရည်မှန်းချက်တွေ မရခင် စစ်ပွဲကို ရပ်တန်ဖို့ နိုင်ငံတကာဖိအားတွေကို လက်ခံမှာမဟုတ် ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို အရင်ကထိန်းချုပ်ခဲ့ပေမယ့် ၂ဝဝ၅ ခုနှစ်မှာ ဂါဇာဒေသလုံခြုံရေးရယူမှုတွေကနေ တစ်ဖက်သတ်ပြန်ရုတ်သိမ်းခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂါဇာဒေသကို ပါလက်စတိုင်း အုပ်ချုပ်ခြင်း ကို ပြန်လည်ခွင့်ပြုမှာမဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးတင်းမာနေချိန်မှာပဲ ဗြိတိန်စစ်ဘက်က ယူကရိန်းကို ဒုံးကျည်အစင်းပေါင်း ၂ဝဝ ကျော် ထပ်မံပံ့ပိုးကူညီ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ