အမေရိကန် ဟာသသရုပ်ဆောင် ကေသီဂရစ်ဖင် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းမယ်
ရောင်နီ (NSS) - ဒီဇင်ဘာ ၃ဝ
အမေရိကန် ဟာသသရုပ်ဆောင် အကျော်အမော် ကေသီဂရစ်ဖင်ဟာ ခင်ပွန်းဖြစ်သူ ရမ်ဒီဘရစ်နဲ့ ကွာရှင်းတော့မယ်လို့ သိရပါတယ်။
ကေသီရဲ့ ခင်ပွန်းဖြစ်သူ ဘရစ်ဟာ စျေးကွက်ရှာဖွေရေးနဲ့ စီမံခန့်ခွဲမှုမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတို့ အိမ်ထောင်သက်တမ်းဟာ လေးနှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ ၎င်းတို့စုံတွဲဟာ ၂၀၁၉ ခုနှစ် နှစ်သစ်ကူးအကြိုမှာ စေ့စပ်ကြောင်းလမ်းခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာတော့ West Coast မှာ ခမ်းခမ်းနားနား လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တရားရုံး စာရွက်စာတမ်းတွေအရ သူတို့နှစ်ဦးဟာ အိမ်ထောင်စာချုပ်မချုပ်ခင် ကတည်းက ကြိုတင်သဘောတူ စာချုပ်( prenuptial agreement )ချုပ်ဆိုခဲ့ကြသေးတယ်လို့ သိရပါတယ်။
Prenuptial agreement ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး လက်ထပ်ဖို့ ရည်မှန်းထားသူတွေကြား လက်ထပ်စာချုပ်တစ်ခုဖြစ်ပါတယ်။ အဆိုပါစာချုပ်က အိမ်ထောင်ရေး ကွာရှင်းပြတ်စဲချိန်မှာ အချင်းချင်း ပေးဆောင်ရမယ့် တာဝန်တွေကို ရှင်းပြထားတဲ့စာချုပ်ဖြစ်ပါတယ်။
ကေသီနဲ့ ဘရစ်တို့ စုံတွဲဟာ ၂၀၁၁ ခုနှစ်ကတည်းက အတူတွဲခဲ့ကြတာပါ။ ကေသီဟာ The D- List ဟာသရုပ်ရှင်မှာ လူသိများပြီး TV show တွေမှာ လူချစ်လူခင်များတဲ့ celebrity တစ်ယောက်ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရဲတပ်ဖွဲ့ဝင်တိုင်း စစ်နည်းဗျူဟာများနှင့် စစ်အတတ် ပညာများကို စဉ်ဆက်မပြတ်လေ့လာရန် ရဲချုပ်တိုက်တွန်း
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ