City Taxi ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက Alarm ပေးနိုင်သည့် အချက်ပြမီးစနစ် တပ်ဆင်နိုင်မည်
စော (NSS) - ဒီဇင်ဘာ ၂၇
City Taxi ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက Alarm ပေးနိုင်သည့် အချက်ပြမီးစနစ် တပ်ဆင်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ လူတစ်ချို့သည် ခရီးသည်အယောင်ဆောင်ကာ အငှားယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး လုယက်မှုများရှိနေသဖြင့် အချက်ပေးနိုင်သည့် အချက်ပြမီးစနစ်ကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချို့ တပ်ပြီးသားက အစီးတစ်ရာ လောက်ရှိတယ်။ တပ်ဖို့ဆန္ဒရှိတဲ့လူက ရန်ကုန်စီးတီး တက္ကစီ အသင်းမှာ လာတပ်လို့ရတယ်။ ညအချိန်တို့ ဘာတို့မှာ တစ်ခုခု ခရီးသည်အယောင်ဆောင်ပြီးတော့ တစ်ချို့က လုယက်တာရှိတတ်တယ်။ အဲဒီလိုကြုံရင် အချက်ပေးလို့ရအောင်ပါ” ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က NSS ကိုပြောသည်။
အဆိုပါ အချက်ပြမီးစနစ်အား တပ်ဆင်လိုပါက မြောက်ဒဂုံမြို့နယ်၊ (၂၉)ရပ်ကွက်၊ အမှတ် (၂၆)၊ ပင်လုံ လမ်းမကြီးရှိ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) ထံတွင် Taxi Board နှင့်အတူ ဝယ်ယူ တပ်ဆင်နိုင် ကြောင်း သိရသည်။
“တပ်ဆင်ဖို့ဆောင်ရွက်နေတာကတော့ လွန်ခဲ့တဲ့သုံးလေး ငါးလထဲကပါ။ ယာဉ်မောင်း တစ်ယောက်က သူ့အနေနဲ့ အခက်အခဲအကူအညီကို ကားထဲမှာ ကြုံတွေ့နေရပြီဆိုရင် နှုတ်နဲ့သော် လည်းကောင်း၊ ဟွန်းနဲ့သော်လည်းကောင်း၊ အသံပေးလို့ မရဘူးဆိုရင် အသံတိတ်စနစ်နဲ့ Taxi Board ကနေ အကူအညီတောင်းတဲ့ သဘောပါ။ အဲဒီ Taxi Board ထဲမှာ အဖြူအပြာ အသံမပါသော အချက်ပြစနစ်ကို ဖော်ဆောင်ပေးထားတာပါ။ သူ့ကားပေါ်မှာ အခက်အခဲ ဖြစ်နေပြီဆိုရင် စည်းတားထားတဲ့ ခလုတ်ကိုနိုပ်မည်ဆိုရင် Taxi Board က အဖြူအပြာနဲ့ပေါ်နေမယ်။ ပေါ်နေတယ်ဆိုရင် ယာဉ်မောင်းအချင်းချင်းသည် သူအကူ အညီတောင်းဆိုနေတယ်ဆိုတဲ့ အနေအထားကို တွေ့ရှိရမယ်” ဟု YCTA ၏ ဒုဥက္ကဋ္ဌ ဦးလှဌေးက NSS ကိုပြောသည်။
လက်ရှိအချိန်အထိ YRTC ၌ မှတ်ပုံတင်ထားသည့် City Taxi ယာဉ်ပေါင်း (၅၅၃၀၁)စီးရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထား
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ