မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထား
မြူနစ် (NSS) - ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းနှင့် မြို့မရဲစခန်းများကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ရှိ လုံခြုံရေးစခန်းများကို ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ စတင်ကာ AA အဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းနှင့် မြို့မရဲစခန်းကို လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှစတင်ကာ ဆုတ်ခွာပေးလိုက်ရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
“မြောက်ဦးမြို့မရဲ့ စခန်းက မနေ့က ညကတည်းက ဆုတ်ပေးလိုက်တယ်လို့ သိရတယ်။ မိသားစုဝင်တွေရော၊ အချုပ်သားတွေရော အကုန်လုံးကို မနေ့က ကြိုရွှေ့ထားလို့ အထိအခိုက်မရှိဘူးလို့ သိရတယ်။ မြို့မရဲစခန်းကတော့ ကျသွားပြီပေါ့။ မြောက်ဦးမြို့မရဲစခန်းက မြို့အဝင်မှာရှိတာ။ ဒါပေမယ့် ခရိုင်ရဲစခန်းနဲ့ မြို့မရဲစခန်းက ဆက်နေတော့ မြို့မရဲစခန်းကျရင် ခရိုင်ရဲစခန်းပါ ပါသွားတဲ့သဘောပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုရက်ပိုင်းအတွင်း၌ မြောက်ဦးမြို့၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများ အများအ ပြားရှိနေသည့်အပြင် လူနေအိမ်အဆောက်အဦးများသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်။
ထို့ပြင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့ယဉ်ကျေးမှုပြတိုက်အဆောက်အဦးသည်လည်း ထိခိုက် ပျက်စီးခဲ့သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်အတွက် သတင်းထူးများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ