Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံက မြန်မာနိုင်ငံကို ၂ဝ၂၂ ခုနှစ်အတွင်း စစ်လက်နက်ပစ္စည်းတင်ပို့ပေးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်

ဂျန်ဇက် (NP News) - မတ် ၁၅

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို ၂ဝ၂၂ ခုနှစ်အတွင်း စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံများထဲမှာ ထိပ်ဆုံး က ဦးဆောင်နေတယ်လို့ SIPRI အဖွဲ့က ဖော်ပြထားပါတယ်။ 

အဆိုပါအဖွဲ့ဟာ ဆွီဒင်နိုင်ငံအခြေစိုက်အဖွဲ့ဖြစ်ပြီး ကမ္ဘာတဝန်းရှိ လက်နက်ကိုင်ပဋိပက္ခများ၊ စစ်လက်နက်တင်ပို့၊ ရောင်းချမှုများနှင့် စစ်လက်နက်ဖျက်သိမ်းမှုများ၊ လက်နက်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ခြင်းများ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုခဲ့ပေမယ့်လည်း ရုရှားနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း အများဆုံး တင်ပို့နေတဲ့နိုင်ငံများအဖြစ် ရပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ရုရှားဟာ ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းအရေအတွက် ပေါင်း ၂၇၆ ခု တင်ပို့ရောင်းချခဲ့ပြီး တရုတ်နိုင်ငံက ၂ဝ၂၂ ခုနှစ်အတွင်းမှာ စစ်လက်နက်ပစ္စည်းအရေအတွက် ၁ဝ၂ ခု တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။

SIPRI အဖွဲ့က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့အချက်အလက်များအရ ရုရှားဟာမြန်မာနိုင်ငံကို ၂ဝ၁၈ ခုနှစ်က စစ်လက်နက်ပစ္စည်းအရေအတွက် ၇၂ ခု၊ ၂ဝ၁၉ ခုနှစ်က ၃၁ ခု၊ ၂ဝ၂ဝ ခုနှစ်က ၆၄ ခုတင်ပို့ခဲ့ပြီး ၂ဝ၂၁ ခုမှာ တင်ပို့ခဲ့ခြင်းမရှိဘဲ ၂ဝ၂၂ ခုနှစ်မှာ ၂၇၆ ခု တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံကို ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ စစ်လက်နက်ပစ္စည်းအရေအတွက်ပေါင်း ၄၄၃ ခု တင်ပို့ခဲ့ကြောင်း သိရပါတယ်။ 

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အပြင် ယူကရိန်းက စစ်လက်နက်ပစ္စည်းအရေအတွက် ၂ ခု၊ အမည်ဖော်ပြလိုခြင်း မရှိတဲ့နိုင်ငံက ၁၄ ခု တင်ပို့ခဲ့ကြောင်း SIPRI အဖွဲ့က ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အတွင်း စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့က ထိပ်ဆုံးမှာ ဦးဆောင်နေပြီး အစ္စရေး၊ ယူကရိန်း၊ ဘီလာရုစ့်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ သြစတြီးယားနဲ့ အမည် ဖော်လိုခြင်းမရှိတဲ့ နိုင်ငံများ ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့ ရောင်းချနေတဲ့နိုင်ငံများအဖြစ် ရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ရုရှားရဲ့ပြည်ပနိုင်ငံများကို စစ်လက်နက် ပစ္စည်းတင်ပို့မှု အနည်းငယ်ကျဆင်းခဲ့ပေမယ့်လည်း အမေရိကန်ရဲ့တင်ပို့ရောင်းချမှုက မြင့်တက်လာခဲ့တယ်လို့ SIPRI အဖွဲ့က ပြောပါတယ်။

Zawgyi Version; 

႐ုရွားႏိုင္ငံက ျမန္မာႏိုင္ငံကို ၂ဝ၂၂ ခုႏွစ္အတြင္း စစ္လက္နက္ပစၥည္းတင္ပို႔ေပးမႈ အမ်ားဆုံးႏိုင္ငံအျဖစ္ ရပ္တည္

ဂ်န္ဇက္ (NP News) - မတ္ ၁၅

႐ုရွားႏိုင္ငံဟာ ျမန္မာႏိုင္ငံကို ၂ဝ၂၂ ခုႏွစ္အတြင္း စစ္လက္နက္ပစၥည္း အမ်ားဆုံးတင္ပို႔ခဲ့တဲ့ ႏိုင္ငံမ်ားထဲမွာ ထိပ္ဆုံး က ဦးေဆာင္ေနတယ္လို႔ SIPRI အဖြဲ႕က ေဖာ္ျပထားပါတယ္။ 

အဆိုပါအဖြဲ႕ဟာ ဆြီဒင္ႏိုင္ငံအေျခစိုက္အဖြဲ႕ျဖစ္ၿပီး ကမာၻတဝန္းရွိ လက္နက္ကိုင္ပဋိပကၡမ်ား၊ စစ္လက္နက္တင္ပို႔၊ ေရာင္းခ်မႈမ်ားႏွင့္ စစ္လက္နက္ဖ်က္သိမ္းမႈမ်ား၊ လက္နက္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေနတဲ့ အဖြဲ႕ အစည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို စစ္လက္နက္ပစၥည္းတင္ပို႔ျခင္းမ်ား မလုပ္ဖို႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက တိုက္တြန္းေတာင္းဆိုခဲ့ေပမယ့္လည္း ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံကို စစ္လက္နက္ပစၥည္း အမ်ားဆုံး တင္ပို႔ေနတဲ့ႏိုင္ငံမ်ားအျဖစ္ ရပ္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားဟာ ၂ဝ၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံကို စစ္လက္နက္ပစၥည္းအေရအတြက္ ေပါင္း ၂၇၆ ခု တင္ပို႔ေရာင္းခ်ခဲ့ၿပီး တ႐ုတ္ႏိုင္ငံက ၂ဝ၂၂ ခုႏွစ္အတြင္းမွာ စစ္လက္နက္ပစၥည္းအေရအတြက္ ၁ဝ၂ ခု တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။

SIPRI အဖြဲ႕က ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့အခ်က္အလက္မ်ားအရ ႐ုရွားဟာျမန္မာႏိုင္ငံကို ၂ဝ၁၈ ခုႏွစ္က စစ္လက္နက္ပစၥည္းအေရအတြက္ ၇၂ ခု၊ ၂ဝ၁၉ ခုႏွစ္က ၃၁ ခု၊ ၂ဝ၂ဝ ခုႏွစ္က ၆၄ ခုတင္ပို႔ခဲ့ၿပီး ၂ဝ၂၁ ခုမွာ တင္ပို႔ခဲ့ျခင္းမရွိဘဲ ၂ဝ၂၂ ခုႏွစ္မွာ ၂၇၆ ခု တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားဟာ ျမန္မာႏိုင္ငံကို ၂ဝ၁၈ ခုႏွစ္ကေန ၂ဝ၂၂ ခုႏွစ္အထိ စစ္လက္နက္ပစၥည္းအေရအတြက္ေပါင္း ၄၄၃ ခု တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။ 

႐ုရွားႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔အျပင္ ယူကရိန္းက စစ္လက္နက္ပစၥည္းအေရအတြက္ ၂ ခု၊ အမည္ေဖာ္ျပလိုျခင္း မရွိတဲ့ႏိုင္ငံက ၁၄ ခု တင္ပို႔ခဲ့ေၾကာင္း SIPRI အဖြဲ႕က ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံကို ၂ဝ၁၈ ခုႏွစ္ကေန ၂ဝ၂၂ ခုႏွစ္အတြင္း စစ္လက္နက္ပစၥည္း အမ်ားဆုံးတင္ပို႔ခဲ့တဲ့ ႏိုင္ငံေတြထဲမွာ ႐ုရွား၊ တ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံတို႔က ထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး အစၥေရး၊ ယူကရိန္း၊ ဘီလာ႐ုစ့္၊ ေတာင္ကိုရီးယား၊ ဗီယက္နမ္၊ ၾသစႀတီးယားနဲ႔ အမည္ ေဖာ္လိုျခင္းမရွိတဲ့ ႏိုင္ငံမ်ား ပါဝင္လ်က္ရွိေနေၾကာင္း သိရပါတယ္။

႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ကမာၻ႔ႏိုင္ငံေတြထဲမွာ ႏွစ္ေပါင္း ၃ဝ ေက်ာ္ၾကာ စစ္လက္နက္ပစၥည္း အမ်ားဆုံးတင္ပို႔ ေရာင္းခ်ေနတဲ့ႏိုင္ငံမ်ားအျဖစ္ ရပ္တည္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ႐ုရွားရဲ႕ျပည္ပႏိုင္ငံမ်ားကို စစ္လက္နက္ ပစၥည္းတင္ပို႔မႈ အနည္းငယ္က်ဆင္းခဲ့ေပမယ့္လည္း အေမရိကန္ရဲ႕တင္ပို႔ေရာင္းခ်မႈက ျမင့္တက္လာခဲ့တယ္လို႔ SIPRI အဖြဲ႕က ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဂျင်တီးနားမှာ ငွေကြေးဖောင်းပွမှု ၁ဝဝ ရာခိုင်နှုန်းကျော်နဲ့ သမိုင်းဝင်မြင့်တက်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved