နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား(၁၂ဝဝဝ)ကျော်ကို ဖမ်းဆီးကာ တရုတ်ထံ နစက လွှဲပြောင်းပေး
ယွန်း (NSS) - ဒီဇင်ဘာ ၂၄
နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၂ဝဝဝ)ကျော်ကို ဖမ်းဆီးကာ တရုတ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
နစကအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ(၃၁)ရက်မှစ၍ နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံရှိ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၆)ရက်မှ (၂၃)ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား(၂၂၉) ဦး နှင့် အမျိုးသမီး(၃၉)ဦး စုစုပေါင်း(၂၆၈)ဦး ကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ကြောင့် အောက်တိုဘာ(၃၁)ရက်မှ ဒီဇင်ဘာ(၂၃)ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား(၁ဝ၉၁၄)ဦး နှင့် အမျိုးသမီး (၁၄ဝ၂)ဦး စုစုပေါင်း(၁၂၃၁၆)ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ကာ တရုတ်နိုင်ငံရှိ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်း နှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံး တရားစွဲဆို အရေးယူနိုင်မည့်ကော်မတီတစ်ရပ်ကို နစကမှ ဖွဲ့စည်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့်နှစ်ရက်အတွင်း ကျောင်းအပ် လက်ခံသွားမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ