Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဘဏ်တွေ ပြိုလဲမှုများကြောင့် ရေနံဈေးနှုန်းများ သုံးလ အထိ ဆက်လက်ကျဆင်းဖွယ်ရှိနေ

ဂျန်ဇက် (NP News) - မတ် ၁၅ 

အမေရိကန်နိုင်ငံမှာ ဘဏ်တွေ ပြိုလဲမှုနဲ့အတူ နောက်ဆက်တွဲသက်ရောက်မှုအဖြစ် ရေနံဈေးနှုန်းတွေဟာ သုံးလ ဆက်တိုက် ကျဆင်းဖွယ်ရှိနေပြီး ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာမှာကို စိုးရိမ်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံရဲ့ဘဏ်ကြီးအချို့ အပါအဝင် ဘဏ်တွေ စတော့ရှယ်ယာဈေးကွက်မှာ ဈေးနှုန်းတွေ ကျပြီး အမေရိကန်ဒေါ်လာဘီလျံချီ ရှုံးနိမ့်မှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

ဧပြီလအတွက် နယူးယောက် Mercantile Exchange ဈေးကွက်မှာ ရေနံ တစ်စည်ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇ ကျဆင်းလာဖွယ်ရှိနေပြီး ရေနံတစ်စည်တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၄၃ သာ ရှိနိုင်ဖွယ် ရှိနေကြောင်း West Texas Intermediate (WTI) က ဆိုပါတယ်။ ဒါ့အပြင် ရေနံစိမ်း ဈေးနှုန်းဟာလည်း မေလ အတွင်း လန်ဒန်မြို့ ICE Futures Exchange ဈေးကွက်မှာ ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၄၅ သာပေါက်ဈေးရှိနိုင်ပြီး ယခင်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂ လျော့နည်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ 

အဆိုပါ ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၉ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းတွေ ဖြစ်လာဖွယ်ရှိနေကြောင်း ဈေးကွက်အချက်အလက်ဆိုင်ရာ Dow Jones အဖွဲ့က ဖော်ပြထားပါတယ်။

The PRICE Futures Group ရဲ့အကြီးတန်းသုတေသီတစ်ဦးဖြစ်တဲ့   Phil Flynn က "ရေနံဈေးကွက်မှာ ဈေးနှုန်း ကျဆင်းမှုတွေ မဖြစ်မနေဖြစ်လာမှာပါ။ ဒါမှမဟုတ် ရေနံနဲ့ပတ်သက်တဲ့စာချုပ်တွေ ပြန်ရုတ်သိမ်းတာမျိုးတွေလည်း အနည်းဆုံးတော့ တွေ့မြင်ရဖွယ်ရှိနေပါတယ်။ အမေရိကန်ရဲ့ထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ Silicon Valley Bank (SVB)  ဘဏ်ပြိုလဲမှုဟာ သက်ရောက်မှုတွေ အများကြီးဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။ 

အမေရိကန်နိုင်ငံမှာ ၂ဝဝ၈ ခုနှစ်ကဖြစ်ခဲ့တဲ့ စီးပွားရေးပျက်ကပ်အတွင်း Washington Mutual Savings and Lending Association ပြိုလဲပြီးနောက်ပိုင်း SVB  ဘဏ်ပြိုလဲမှုက အမေရိကန်ဘဏ်လောကအတွင်း အကြီးမားဆုံး ဘဏ်တစ်ခု ပြိုလဲခြင်းဖြစ်လာခဲ့ပါတယ်။


Zawgyi Version; 


ဂျန်ဇက် (NP News) - မတ် ၁၅ 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved