မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဓါတ်ပေါင်းဖိုအသစ် ထပ်မံလည်ပတ်ဖို့ စီစဉ်နေကြောင်း IAEA အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၂
မြောက်ကိုရီးယားနိုင်ငံဟာ ဒုတိယမြောက်နျူကလီးယားဓါတ်ပေါင်းဖိုကို လုပ်ငန်းလည်ပတ်ဖွယ်ရှိနေကြောင်း နိုင်ငံတကာနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့ IAEA အဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ အသစ်ဖန်တီးထားတဲ့ နျူကလီးယားဓါတ်ပေါင်းဖိုကို နျူကလီးယားလက်နက်များ ထုတ်လုပ်ရာမှာ အသုံးပြုမယ့် ပလူတိုနီယမ် အများအပြား ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယား ယွန်းဗြောင်းဒေသမှာ ၅ မဂ္ဂါဝပ်ရှိ နျူကလီးယား ဓါတ်ပေါင်းဖိုကို နှစ်အတန်ကြာ သုံးစွဲခဲ့ပြီးနောက် ရပ်တန့်ခဲ့ပေမယ့် လက်ရှိအချိန်မှာ နျူကလီးယားဓါတ်ပေါင်းဖို အသစ်ထပ်မံလုပ်ဆောင်ကာ လုပ်ငန်းတွေလည်ပတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂ဝဝ၉ ခုနှစ်တည်းက IAEA အဖွဲ့တာဝန်ရှိသူများကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့ပြီး နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးခဲ့ကြောင်း သိရပါတယ်။ IAEA အဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို ဂြိုလ်တုဓါတ်ပုံတွေ အသုံးပြုကာ လေ့လာစောင့်ကြည့်ခဲ့ရကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားဓါတ်ပေါင်းဖိုအသစ်ကို အောက်တိုဘာလတည်းက စတင်လုပ်ဆောင်ဖို့ စီစဉ်ခဲ့ ပြီး လှုပ်ရှားမှုတွေရှိနေခဲ့ကြောင်း သိရပါတယ်။ IAEA အဖွဲ့က "မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေဟာ စိုးရိမ်စရာ အခြေအနေမျိုးတွေ ရှိလာစေတယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပိတ်ဆို့မှုမျိုးစုံ ခံနေရပေမယ့် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအစီအစဉ်ကို စွန့်လွှတ်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး နောက် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးနဲ့ တာဝေးပစ်ဒုံးကျည်ပိုင်ဆိုင်ရေးအစီအစဉ်တွေကို တိုးမြှင့် လုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် အပါအဝင် တိုင်းဒေသကြီး(၄)ခု၌ ညအပူချိန်ကျဆင်းမှုကြောင့် အအေးအနည်းငယ်ပိုနိုင်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ