၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်(၁၀၀)နီးပါးကို ပဏာမရွေးချယ်ထား
ပုံစာ - ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် လာရောက်ယှဉ်ပြိုင်ကြသည့် ရွှေကြိုမောင်မယ်များ
စော (NP News) - ဒီဇင်ဘာ ၂၀
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ် (၁၀၀)နီး ပါးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့(ဒီဇင်ဘာလ ၂၀ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ် သည်။
ယခု ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအ တွက် ရွှေကြိုရွေးချယ်ရေးအဖွဲ့က ရွှေကြိုမောင်မယ် (၉၇)ဦးကို ပဏမရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေကြိုမောင်မယ်များကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ မေသန်းနု နှင့် အကယ်ဒမီ စိုးမြတ်သူ ဇာတို့က အကဲဖြတ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ဒုတိယအဆင့်ရွှေကြိုရွေးချယ်ခြင်းကို လာမည့် (ဒီဇင်ဘာလ ၂၄ ရက်)တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ(၆)ရက်ကလည်း ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် (၃)နှစ်စာ အကယ်ဒမီဆုပေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးပိုင်ဆိုင်သည့်သင်္ဘောများကို နိုင်ငံအတွင်း ဆိုက်ကပ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ်ပြော
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ