Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား(၁၃)ဦး ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းစဉ် ပစ်ခတ်ခံရကာ (၁)ဦးသေဆုံး

NP News - မတ် ၁၄


ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား(၁၃)ဦး ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းစဉ် ပစ်ခတ်ခံရကာ အကျဉ်းသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းတွင် ညောင်ရွှေမြို့ပေါ်ရှိ ညောင်ရွှေအကျဉ်းထောင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။


၎င်းအကျဉ်းထောင်၌ အကျဉ်းသား(၁၃)ဦးသည် ထောင်စောင့်အား ကတ်ကြေးဖြင့် တိုက်ခိုက်ကာ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။


ထိုသို့ တိုက်ခိုက်ခဲ့ပြီး အကျဉ်းထောင်နံရံပေါ်သို့ ကျော်တက်စဉ်အချိန်၌ ထောင်လုံခြုံရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုဖြစ်စဉ်အတွင်း အကျဉ်းသားတစ်ဦးသေဆုံးကာ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။


“အဲဒီဖြစ်စဉ်က ဟုတ်ပါတယ်။ အကျဉ်းသား(၁၃)ယောက်က တာဝန်ကျထောင်စောင့်ကို ကတ်ကြေးနဲ့ထိုးပြီးတော့ ထွက်ပြေးဖို့ ကြိုးစားတာပါ။ ထောင်နံရံပေါ်ကို ကျော်တက်နေတဲ့အချိန်မှာ ကင်းတဲမှာရှိတဲ့ လုံခြုံရေးတွေက ခြိမ်းခြောက်ပစ်ခတ်တာတော့ ရှိခဲ့ပါတယ်။ တစ်ယောက်တော့ ဆုံးသွားတယ်” ဟု လုံခြုံ ရေးအဖွဲ့ဝင်များနှင့်နီးစပ်သူက ပြောသည်။


၎င်းကဲ့သို့ ထောင်ဖောက်ပြေးရန် ကြိုးပမ်းသည့် အကျဉ်းသား(၁၃)ဦးသည် အကြမ်းဖက်ပုဒ်မဖြင့် ထောင် ဒဏ်ကျခံနေရသူများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။


ထိုသို့ ထောင်ဖောက်ပြေးရန် ကြိုးပမ်းသည့်ဖြစ်စဉ်အတွင်း အကျဉ်းသားတစ်ဦး အသေဖမ်းမိခဲ့ပြီး (၂)ဦးအား ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည့်အပြင် ကျန်ရှိသော အကျဉ်းသား (၁ဝ)ဦးကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုထားသည်။


လက်ရှိအချိန်ထိ ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား(၁၃)ဦး ထောင်ဖောက်ထွက်ပြေးရန်ကြိုးပမ်းသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

zawgyi version

ေညာင္ေ႐ႊအက်ဥ္းေထာင္၌ အက်ဥ္းသား(၁၃)ဦး ေထာင္ေဖာက္ထြက္ေျပးရန္ ႀကိဳးပမ္းစဥ္ ပစ္ခတ္ခံရကာ (၁)ဦးေသဆုံး


NP News - မတ္ ၁၄


ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊအက်ဥ္းေထာင္၌ အက်ဥ္းသား(၁၃)ဦး ေထာင္ေဖာက္ထြက္ေျပးရန္ ႀကိဳးပမ္းစဥ္ ပစ္ခတ္ခံရကာ အက်ဥ္းသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၄ ရက္) နံနက္ပိုင္းတြင္ ေညာင္ေ႐ႊၿမိဳ႕ေပၚရွိ ေညာင္ေ႐ႊအက်ဥ္းေထာင္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို အတည္ျပဳေျပာဆိုထားသည္။


၎အက်ဥ္းေထာင္၌ အက်ဥ္းသား(၁၃)ဦးသည္ ေထာင္ေစာင့္အား ကတ္ေၾကးျဖင့္ တိုက္ခိုက္ကာ ေထာင္ေဖာက္ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။


ထိုသို႔ တိုက္ခိုက္ခဲ့ၿပီး အက်ဥ္းေထာင္နံရံေပၚသို႔ ေက်ာ္တက္စဥ္အခ်ိန္၌ ေထာင္လုံၿခဳံေရးအဖြဲ႕မ်ားက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ၎ပစ္ခတ္မႈျဖစ္စဥ္အတြင္း အက်ဥ္းသားတစ္ဦးေသဆုံးကာ ႏွစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာရရွိသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။


“အဲဒီျဖစ္စဥ္က ဟုတ္ပါတယ္။ အက်ဥ္းသား(၁၃)ေယာက္က တာဝန္က်ေထာင္ေစာင့္ကို ကတ္ေၾကးနဲ႔ထိုးၿပီးေတာ့ ထြက္ေျပးဖို႔ ႀကိဳးစားတာပါ။ ေထာင္နံရံေပၚကို ေက်ာ္တက္ေနတဲ့အခ်ိန္မွာ ကင္းတဲမွာရွိတဲ့ လုံၿခဳံေရးေတြက ၿခိမ္းေျခာက္ပစ္ခတ္တာေတာ့ ရွိခဲ့ပါတယ္။ တစ္ေယာက္ေတာ့ ဆုံးသြားတယ္” ဟု လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူက ေျပာသည္။


၎ကဲ့သို႔ ေထာင္ေဖာက္ေျပးရန္ ႀကိဳးပမ္းသည့္ အက်ဥ္းသား(၁၃)ဦးသည္ အၾကမ္းဖက္ပုဒ္မျဖင့္ ေထာင္ ဒဏ္က်ခံေနရသူမ်ားျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။


ထိုသို႔ ေထာင္ေဖာက္ေျပးရန္ ႀကိဳးပမ္းသည့္ျဖစ္စဥ္အတြင္း အက်ဥ္းသားတစ္ဦး အေသဖမ္းမိခဲ့ၿပီး (၂)ဦးအား ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးရမိခဲ့သည့္အျပင္ က်န္ရွိေသာ အက်ဥ္းသား (၁ဝ)ဦးကို နာရီပိုင္းအတြင္း ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္က ေျပာဆိုထားသည္။


လက္ရွိအခ်ိန္ထိ ေညာင္ေ႐ႊအက်ဥ္းေထာင္၌ အက်ဥ္းသား(၁၃)ဦး ေထာင္ေဖာက္ထြက္ေျပးရန္ႀကိဳးပမ္းသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကဘက္မွ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝက်လက်မြို့နယ်ရှိ သစ်သားတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved