Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေပြည်တော် အပါအဝင် ဒေသအချို့၌ မတ်လကုန်ရက်ပိုင်းအထိ မိုးထစ်ချုန်းရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မိုးဇလအသိပေး

ယွန်း (NP News) - မတ် ၁၄


နေပြည်တော် အပါအဝင် ဒေသအချို့၌ မတ်လကုန်ရက်ပိုင်းအထိ လေပြင်းတိုက်ပြီး မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(မတ်လ ၁၄ ရက်) ၊ ညနေ(၄)နာရီအချိန် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။


မိုးဇလမှ နေ့လည်(၁)နာရီခွဲအချိန် တိုင်းထွာချက်အရ အနောက်ဘက်မှ ရွေ့လျားလာသော လေ‌ပွေလှိုင်းများ၏ အရှိန်‌နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် မတ်လ(၁၉)ရက်မှ (၂၄)ရက်အထိ နေပြည်တော် အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်တို့တွင် မိုးထစ်ချုန်းသွန်းနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။


ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်ဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်‌ပေါ်နိုင်ခြင်းကြောင့် သတိပြု၍ နေထိုင်နေရန် မိုးဇလမှအသိပေးထုတ်ပြန်ထားသည်။


မတ်လ(၁၃)ရက်ညပိုင်းကလည်း ရန်ကုန် အပါအဝင် ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် လျှပ်စီးလက်ခြင်းနှင့်အတူ မိုးထစ်ချုန်းရွာသွန်းခဲ့ကြောင်း သိရသည်။


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် မတ်လ(၉)ရက် ထုတ်ပြန်ချက်တွင် မတ်လ (၁၃)ရက်မှ (၁၅)ရက်အတွင်း ရန်ကုန်အပါအဝင် စစ်ကိုင်း(အထက်ပိုင်း)၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင် နှင့် မွန်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 


ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်ရှိ ဒေသအချို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးသီးများကြွေကျမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

zawgyi version

ေနျပည္ေတာ္ အပါအဝင္ ေဒသအခ်ိဳ႕၌ မတ္လကုန္ရက္ပိုင္းအထိ မိုးထစ္ခ်ဳန္း႐ြာသြန္းမႈမ်ား ဆက္လက္ျဖစ္ပြားႏိုင္ေၾကာင္း မိုးဇလအသိေပး


ယြန္း (NP News) - မတ္ ၁၄


ေနျပည္ေတာ္ အပါအဝင္ ေဒသအခ်ိဳ႕၌ မတ္လကုန္ရက္ပိုင္းအထိ ေလျပင္းတိုက္ၿပီး မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။


မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(မတ္လ ၁၄ ရက္) ၊ ညေန(၄)နာရီအခ်ိန္ ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။


မိုးဇလမွ ေန႔လည္(၁)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလ‌ေပြလႈိင္းမ်ား၏ အရွိန္‌ႏွင့္ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းမႈ အားေကာင္းျခင္းေၾကာင့္ ျမန္မာႏိုင္ငံရွိ ေဒသအခ်ိဳ႕တြင္ မိုးဆက္လက္႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။


အဆိုပါ ျဖစ္စဥ္ေၾကာင့္ မတ္လ(၁၉)ရက္မွ (၂၄)ရက္အထိ ေနျပည္ေတာ္ အပါအဝင္ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ကခ်င္၊ ရွမ္း၊ ခ်င္းႏွင့္ ရခိုင္တို႔တြင္ မိုးထစ္ခ်ဳန္းသြန္းႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။


ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မိုးတိမ္ေတာင္ျဖစ္ထြန္းျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာျခင္းႏွင့္ အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းမ်ား ျဖစ္‌ေပၚႏိုင္ျခင္းေၾကာင့္ သတိျပဳ၍ ေနထိုင္ေနရန္ မိုးဇလမွအသိေပးထုတ္ျပန္ထားသည္။


မတ္လ(၁၃)ရက္ညပိုင္းကလည္း ရန္ကုန္ အပါအဝင္ ပဲခူး၊ တနသၤာရီ၊ ဧရာဝတီ၊ ရွမ္း၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ လွ်ပ္စီးလက္ျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္း႐ြာသြန္းခဲ့ေၾကာင္း သိရသည္။


မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ၿပီးခဲ့သည့္ မတ္လ(၉)ရက္ ထုတ္ျပန္ခ်က္တြင္ မတ္လ (၁၃)ရက္မွ (၁၅)ရက္အတြင္း ရန္ကုန္အပါအဝင္ စစ္ကိုင္း(အထက္ပိုင္း)၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ကယား၊ ကရင္ ႏွင့္ မြန္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာသြန္းႏိုင္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။ 


ထို႔ျပင္ ယေန႔ နံနက္ပိုင္းတြင္လည္း ရွမ္းျပည္နယ္ရွိ ေဒသအခ်ိဳ႕ႏွင့္ မႏၲေလးတိုင္း၊ မိုးကုတ္တို႔တြင္လည္း မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး မိုးသီးမ်ားေႂကြက်မႈမ်ား ျဖစ္ေပၚခဲ့ျခင္းေၾကာင့္ ေနအိမ္မ်ား ပ်က္စီးခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျှပ်စစ်မန်နေဂျာရုံးနှင့် အုပ်ချုပ်‌ရေးမှူးရုံးတို့အား Drop bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်း(၁)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved