တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၌ ရုပ်အလောင်းတစ်ခုအား Taxi ယာဉ်ပေါ်မှပစ်ချသွား
Pearl (NP News) - မတ် ၁၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၌ ရုပ်အလောင်းတစ်ခုအား Taxi ယာဉ်ပေါ်မှ ပစ်ချသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၂)ရက်၊ ည (၁၁)နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ် ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အနောက်မြင်းပြိုင်ကွင်းလမ်း (ကျိုက္ကဆံဟစ်တိုင်ရှေ့)တွင် Probox (Taxi) ယာဥ်ပေါ်မှ ရုပ်အလောင်းတစ်ခုအား ပစ်ချသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို အကြောင်းကြားလို့ အလောင်းသွားကောက်ပေးတယ်၊ ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကို ပို့ဆောင်ပေးလိုက်ပါတယ်” ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါ ရုပ်အလောင်းသည် အသက် (၃ဝ)နှစ် ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး နားတွင် သွေးထွက်ဒဏ်ရာ၊ မျက်ခုံး နှင့် ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများရရှိနေခဲ့ပြီး ၎င်းအား စံပြဆေးရုံရေခဲတိုက်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
တာေမြၿမိဳ႕နယ္၊ အေနာက္ျမင္းၿပိဳင္ကြင္းလမ္း၌ ႐ုပ္အေလာင္းတစ္ခုအား Taxi ယာဥ္ေပၚမွပစ္ခ်သြား
Pearl (NP News) - မတ္ ၁၄
ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ အေနာက္ျမင္းၿပိဳင္ကြင္းလမ္း၌ ႐ုပ္အေလာင္းတစ္ခုအား Taxi ယာဥ္ေပၚမွ ပစ္ခ်သြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၂)ရက္၊ ည (၁၁)နာရီအခ်ိန္ခန႔္တြင္ တာေမြၿမိဳ႕နယ္၊ တာေမြႀကီး(ခ)ရပ္ ကြက္၊ အေနာက္ျမင္းၿပိဳင္ကြင္းလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အေနာက္ျမင္းၿပိဳင္ကြင္းလမ္း (က်ိဳကၠဆံဟစ္တိုင္ေရွ႕)တြင္ Probox (Taxi) ယာဥ္ေပၚမွ ႐ုပ္အေလာင္းတစ္ခုအား ပစ္ခ်သြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားလို႔ အေလာင္းသြားေကာက္ေပးတယ္၊ ၿပီးေတာ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဆး႐ုံေရခဲတိုက္ကို ပို႔ေဆာင္ေပးလိုက္ပါတယ္” ဟု ျမန္မာမြတ္စလင္မ္ ပရဟိတအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါ ႐ုပ္အေလာင္းသည္ အသက္ (၃ဝ)ႏွစ္ ဝန္းက်င္ခန႔္ရွိေသာ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး နားတြင္ ေသြးထြက္ဒဏ္ရာ၊ မ်က္ခုံး ႏွင့္ ခႏၶာကိုယ္တြင္ ပြန္းပဲ့ဒဏ္ရာမ်ားရရွိေနခဲ့ၿပီး ၎အား စံျပေဆး႐ုံေရခဲတိုက္သို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Gwa wind power project expected to generate over 227 million kWh after completion
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း