Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုအားဦးတည်၍ သစ္စာမဲ့စွာ အကြမ်းဖက်ခြင်းဖြစ်ဟု တပ်ချုပ်ဝေဖန်ပြစ်တင်

Pearl (NP News) – ဒီဇင်ဘာ ၁၉

ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုအား ဦးတည်၍ သစ္စာမဲ့စွာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြစ်တင်ထားသည်။ 


၎င်းက  ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)တွင် ရန်ကုန်မြို့ရှိ  တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသော တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါကဲ့သို့ ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည်  နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုယန္တရားလည်ပတ်မှု ရပ်တန့်ရန် ဆရာဝန်၊ သူနာပြုများအပါအဝင် ကျန်းမာ ရေးဝန်ထမ်းများကို CDM ပြုလုပ်ရန် သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တပ်ချုပ်က ပြောသည်။

အချို့သောကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း လိုက်နာကျင့်ကြံရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့တပ်မတော်သား ပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများက ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး နှင့် မိသားစုဘဝလုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ်သော ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့်ကျန်းမာရေးဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တပ်ချုပ်က ပြောသည်။

ထိုသို့ မိဘပြည်သူများ၏ ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်ချက်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ် စွမ်းအားပြိုလဲရန် တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ အပြစ်မဲ့ပြည်သူလူထုကိုဦးတည်ပြီး သစ္စာမဲ့စွာ အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝေဖန်ပြစ်တင်ထားသည်။   

အဆိုပါလုပ်ရပ်များသည် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်သကဲ့သို့ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း လက်မခံနိုင်သည့် လုပ်ရပ်များဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ 

“အဓိကတော့ ဘယ်အခြေအနေမျိုးမှာမဆို ဆရာဝန်တွေက မစွန့်ခွာသင့်ဘူးပေါ့။ ဒါကတော့ ဆရာဝန်တင်မဟုတ်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးပါတယ်။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ဆရာဝန်ဖြစ်စမှာ သစ္စာဆိုရတယ်။ အဲဒီအထဲမှာလည်း ပါတယ်။ ဒါကတော့ မလုပ်သင့်တဲ့ အလုပ်ပေါ့။ သို့သော် မလုပ်သင့်လို့ မှားသွားပေမယ့် လည်း ပြန်ပြင်ဖို့ အခွင့်အရေးကို ပေးသင့်တယ်။ ဆရာဝန်တစ်ယောက်၊ သူနာပြုတစ်ယောက် မွေးထုတ်ဖို့က မလွယ်ဘူး။ ဒါတွေကို ပြန်ဖြည့်ဖို့အတွက် ဆယ်စုနှစ်တစ်စုတောင် အချိန်လောက်ပမလား မပြောနိုင်ဘူး။ အဲဒီတော့ အပြင်ရောက်နေတဲ့သူတွေကိုလည်း အခွင့်အရေးတစ်ခု ပြန်ပေးသင့်တယ်လို့ မြင်တယ်။ ပြန်ဝင်လာရင် လက်ခံကြိုဆိုသင့်တယ်” ဟု အပူပိုင်းဆေးပညာအထူးကု ဆရာဝန်ဒေါက်တာပြည့်ထူးက သုံးသပ်ပြောကြားသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်း ကျန်းမာရေးဝန်ထမ်း (၁ဝ၃၂၁၄)ဦးရှိသည့်အနက် CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းဦးရေသည် (၄၇၂၅၄)ဦးထက်မနည်းရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။ 

ထို့ပြင် လက်ရှိ နစက လက်ထက်၌   ပညာရေးဝန်ထမ်း (၈၈)ဦး နှင့် ကျန်းမာရေးဝန်ထမ်း (၂ဝ)ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့အတွင်း မဲခွဲဆုံးဖြတ်မယ့် အစီအစဉ် ရွှေ့ဆိုင်း

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved