AFC Futsal Asian Cup 2024 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းနှင့်တစ်အုပ်စုတည်းကျရောက်
ကျော် (NSS) - ဒီဇင်ဘာ ၁၄
AFC Futsal Asian Cup 2024 ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဝင်ရောက်ယှဥ်ပြိုင်မည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲအား ယနေ့(ဒီဇင် ဘာလ ၁၄ ရက်)၊ နေ့လည် ၁ နာရီခွဲက မလေးရှားနိုင်ငံရှိ အာရှဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။
အုပ်စုမဲခွဲပွဲပြီးဆုံးချိန်၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(က)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
အဆိုပါ AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ အုပ်စုပွဲစဥ်များကို ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင်စတင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်ဒယ်ရှိုးလျှောက်ရမည်ဟုဆိုကာ ကာမဆိုင်ရာကိစ္စများကို အဓမ္မခိုင်းစေခဲ့သူ(၃)ဦးအား အလုပ် နှင့် ထောင်ဒဏ် (၁၁)နှစ်စီချမှတ်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း