Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေ့စဥ် ထွက်ရှိသည့် YBS ယာဥ်များ၏ ၃၀ ရာ ခိုင်နှုန်းခန့်သည် CNG ဆိုင်များ၌ရောက်ရှိနေ၍ ယာဥ်ထွက်ရှိမှုလျော့နည်းနေ

ကျော်(NSS) - ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းအတွင်း နေ့စဥ်ထွက်ရှိသော YBS ယာဥ်များ၏ ၃၀ ရာခိုင်နှုန်းခန့်သည် CNG ဆိုင်များ၌ရောက်ရှိနေ၍ ယခုရက်ပိုင်းအတွင်း ယာဥ်ထွက်ရှိမှုလျော့နည်းနေခြင်းဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NSS ကိုပြောသည်။


"တစ်နေ့ကို ယာဥ်လိုင်းပေါင်း ၁၃၂ လိုင်းကနေ ယာဥ်စီးရေ ၃၇၀၀ လောက်နဲ့ ခရီးသည် ၁၅ သိန်းဝန်းကျင်လောက်ကို ဝန် ဆောင်မှုပေးနေပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးရာမှာ ယာဥ် လိုင်းထွက်ရှိနိုင်ဖို့အတွက် CNG ဆိုင်တွေမှာ တန်းစီရတာတွေရှိတယ်"ဟု တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ထိုသို့ CNG အရောင်းဆိုင်များ၌ တန်းစီစောင့်ဆိုင်းပြီးနောက် CNG ရရှိချိန်တွင်လည်း pressure လျော့နည်းခြင်း၊ CNG အရည် အသွေးလျော့ကျခြင်း၊ ဟောင်းနွမ်းကာ သက်တမ်းကုန်နေသည့် CNG အိုးများအားလဲလှယ်တပ်ဆင်နေခြင်း နှင့် လျှပ်စစ်မီးပုံမှန်မရရှိခြင်းတို့ကြောင့် YBS ယာဥ်များထွက်ရှိမှုသည် လျော့နည်းလျက်ရှိကြောင်း သိရသည်။

"အရင်က ၄ ခေါက်၊ ၅ ခေါက်ပြေးဆွဲကျတယ်။ အခုက ၂ ခေါက် ၃ ခေါက်လောက်ပဲရတယ်။ အဲဒီမှာယာဥ်စီးရေလျော့သလိုဖြစ်သွားတာ။ MOGE နဲ့လည်းအမြဲတမ်းချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ pressure ပြည့်ဖို့ကိုလည်း လုပ်ဆောင်ပေးဖို့အကူအညီတောင်းထားပါတယ်"ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် YBS ယာဥ်များနေ့စဥ်အစီးရေများစွာထွက်ခွာပြေးဆွဲပေးနိုင်ရန် YRTC မှတာဝန်ရှိသူများ နှင့် MOGE မှတာဝန်ရှိသူများပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး MOGE ဘက်မှလည်း ဖြေရှင်းပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

"ဒီရက်ပိုင်းထဲ CNG ဆိုင်တွေမှာတန်းစီနေရတဲ့ YBS ကားစီးရေဟာ ထွက်ရှိ ကားစီးရေရဲ့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်အထိရှိတယ်။ အရင်ကဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတာ။ ဒါကြောင့် အရင်ကလိုပြန်ပြီးအဆင်ပြေအောင် ချိတ်ဆက်ဆောင်ရွက်နေပါတယ်"ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

လက်ရှိအချိန်၌ YBS ယာဥ်များပြေးဆွဲမှုလျော့နည်းခြင်း၊ သတ် မှတ်ချိန်အထိ ပြေးဆွဲမှုမရှိခြင်းတို့ကြောင့် YBS ယာဥ်အသုံးပြုကာ သွားလာအလုပ်လုပ်ကိုင်နေကြရသူများတွင် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော် မနေ့ကရုံးသွားဖို့ အရင်အိမ်ကနေ ထွက်တဲ့အချိန် ထွက်လာတာ ကားတွေသိပ်မရှိဘူး။ ကားစောင့်ရင်းနဲ့အဲဒီနေ့က ရုံးတက်ချိန်နောက်ကျသွားတယ်။ ပြန်လာတော့လည်း YBS တစ်စီးမှာမလာတဲ့အတွက် ကားဌားပြီးပြန်လာရတော့ ကားခတွေကအရမ်းကုန်နေတာ YBS တွေရှားသွားတာ ဒီရက်ပိုင်းလေးပဲရှိသေးတယ်"ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဆန်းဝင်းကပြောသည်။

ထိုသို့ YBS ယာဥ်အသုံးပြုသွားလာနေရသူများ အဆင်ပြေစေရေးအတွက် YBS ယာဥ်များအား ည ၁၀ နာရီနောက်ဆုံးထား၍ပြေးဆွဲပေးရန် YRTC မှညွှန်ကြားထားကြောင်း သိရသည်။

ထို့အတူ pressure နည်းပါးမှုကြောင့် YBS ယာဥ်ထွက်ရှိမှုလျော့ နည်းနေသဖြင့် YRTC မှ CNG အရောင်းဆိုင်များနှင့်ညှိနှိုင်း၍ CNG ပိုမိုရရှိနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့သော်လည်း မူဆယ်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲ ဆက်ဖြစ်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved