တောင်ကိုရီးယားမင်းသမီး ကန်ဆိုရာ ဒုတိယမြောက်ရင်သွေးလေး မွေးဖွား
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၂
Dr.Stranger ကြယ်ပွင့် တောင်ကိုရီးယားသရုပ်ဆောင် ကန်ဆိုရာ ဟာ သူမရဲ့ဒုတိယမြောက်ရင်သွေးလေး မွေးဖွားခဲ့ပြီဆိုတာ ပရိသတ်ကို အသိပေးလာခဲ့ပါတယ်။
ဒီသတင်းကို ဒီဇင်ဘာလ ၁၁ ရက်က ကန်ဆိုရာရဲ့ အေဂျင်စီ PLUM A&C မှ အတည်ပြုခဲ့တာဖြစ်ပြီး၊ သမီးမိန်းကလေး မွေးဖွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိခင်ရော၊ ကလေးပါ ကျန်းမာရေးကောင်းမွန်ပြီး မိသားစုရဲ့စောင့်ရှောက်မှုအောက် ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။
သူမဟာ ၂၀၂၀ ပြည့်နှစ်က အနုပညာအသိုင်းအဝိုင်းမဟုတ်တဲ့ ခင်ပွန်းနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သားဦးလေးကို မွေးဖွားခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ အစောပိုင်းမှာတော့ သူမရဲ့အေဂျင်စီက သူမရဲ့ကိုယ်ဝန်ဓာတ်ပုံတွေနဲ့အတူ ဒုတိယမြောက်ကိုယ်ဝန်ကို အတည်ပြုခဲ့ပါတယ်။
ကန်ဆိုရာဟာ ပြီးခဲ့တဲ့လပိုင်းက ထွက်ရှိတဲ့ "Strangers Again" ဇာတ်လမ်းတွဲမှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှာ ရုတ်တရက် အသက်ရှုကြပ်သွားတဲ့ ကိုယ်အလေးချိန် ၂၀၀ ကီလိုဂရမ်လောက်ရှိတဲ့အမျိုးသားတစ်ဦးကို မီးသတ်သမား ၈ ဦးနဲ့ မရွှေ့ကာ ဆေးရုံတင်ရ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ