အီတလီမှာ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက နာမည်ကျော် Venice ရဲ့ Grand Canal ရေပြင်ကို အစိမ်းရောင်ပြောင်းကာ ဆန္ဒပြ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁ဝ
ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ COP28 ရာသီဥတု ထိပ်သီးဆွေးနွေးပွဲဟာ တိုးတက်မှုမရှိဘူးဆိုကာ အီတလီမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတွေက စနေနေ့(ဒီဇင်ဘာ ၉ ရက်) မှာ နာမည်ကျော် ဗင်းနစ်မြို့ရဲ့ ဂရင်းတူးမြောင်းကို အစိမ်းရောင် ဆိုးဆေးခတ်ကာ ဆန္ဒပြခဲ့ပါတယ်။
Extinction Rebellion အမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေအဖွဲ့မှ ဆန္ဒပြသူတွေဟာ တောင်တက်ကြိုးတွေနဲ့ တူးမြောင်းပေါ်ရှိ Rialto တံတားကို ချည်နှောင်ကာ တူးမြောင်းရေကို အစိမ်းရောင်ဆေးခတ်ကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ရောမမြို့ အပါအဝင် အီတလီမြို့ကြီးများရှိ မြစ်ငယ်များနဲ့ တူးမြောင်းများမှာလည်း အလားတူ အစိမ်းရောင်ဆေး တွေခတ်ကာ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် ဆေးရောင်တွေဟာ နာရီအနည်းငယ်ကြာရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ် မှာဖြစ်ပြီး ရေထဲမှာရှိတဲ့အရာတွေကို ခြေရာခံဖို့ စက်မှုလုပ်ငန်းမှာ အသုံးပြုတဲ့အန္တရာယ်မရှိတဲ့ ဖလိုရက်စိန်း ဆိုးဆေးတွေနဲ့ အမြင်အာရုံကို လှည့်စားခြင်း ဖြစ်တယ်လို့ Extinction Rebellion က ပြောကြားခဲ့ပါတယ်။
ဆန္ဒပြမှုအတွင်း ဂရင်းတူးမြောင်းရှိ Grand Canal ရှိ လှေအသွားအလာတွေကို ရပ်တန့်စေခဲ့ပြီး တူးမြောင်းရေ ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရေးထပ်မံဖြစ်လာစေဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း ကာတာအစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ