ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရေးထပ်မံဖြစ်လာစေဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း ကာတာအစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁ဝ
အစ္စရေးနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေပေမယ့် ဂါဇာဒေသမှာ အပစ်ခတ်ရပ်စဲရေးစာချုပ်အသစ် ထပ်မံချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြောင်း သိရပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani က "ကာတာနိုင်ငံနဲ့အတူ မိတ်ဖက်နိုင်ငံတွေနဲ့ပူးပေါင်းပြီး ဂါဇာဒေသအပစ်ခတ်ရပ်စဲရေးဖြစ်စေဖို့ ကြိုးပမ်းနေပါတယ်။ ဂါဇာဒေသ အပစ်ခတ်ရပ်စဲရေးကို ဘယ်တော့မှစွန့်လွှတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ကာတာဟာ အစ္စရေးနဲ့ဟားမက်စ်နိုင်ငံကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲ ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေးရယူဖို့ အဓိကကြားဝင်စေ့စပ်ပေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၇ ကြာ အပစ်ခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာခဲ့ရာ ပါလက်စတိုင်းလူမျိုး သေဆုံးမှု ၁၇ဝဝဝ ကျော် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ကာတာ ဘုရင်ကလည်း "ကျွန်တော်တို့ဟာ အပစ်ခတ်ရပ်စဲရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်။ ပြန်ပေးဆွဲခံ ရသူတွေ ပြန်လွှတ်ပေးရေးကတိတွေကို အကောင်အထည်ဖော်သွားမယ်။ စစ်ပွဲရပ်တန့်ရေးကတိတွေကို အကောင် အထည်ဖော်သွားမယ်။
လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံးဟာ အပစ်ခတ်ရပ်စဲဖို့ တူညီတဲ့ဆန္ဒတွေ မရှိသေးဘူး။ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ကိုင်နေတုန်းပဲ" လို့ ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက စစ်ပွဲကို အပစ်ခတ်ရပ်စဲ ရေးတောင်းဆိုခဲ့ပေမယ့် အမေရိကန်အစိုးရက ဗီတိုအာဏာသုံး ပယ်ချခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အစ္စရေးဟာ ဂါဇာဒေသကိုထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးရေးအကောင်အထည်ဖော်နိုင်မှု ပျက်ကွက်နေခြင်းကို စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ဒေသက ပယ်-လျှို-ဝေ-ရှီ မိသားစုဝင် ၁ဝ ဦးကို တရုတ်က ဝရမ်းထုတ်တဲ့နောက် နစက ဘာလုပ်မလဲ၊ လွိုင်ကော်ဈေးကြီးနဲ့ ပြည်နယ်ရဲစခန်းကိစ္စ၊ လားရှိုးကိုသွားတဲ့ နစကဥက္ကဋ္ဌ (၁ဝ-၁၂-၂၀၂၃)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ