Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အငြင်းပွားကျွန်းစုများအနီးတွင် ကင်းလှည့်သင်္ဘောများ ထိပ်တိုက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဂျပန် နှင့် တရုတ်အစိုးရတို့ အပြန်အလှန်ဝေဖန်ပြစ်တင်

Pika (NSS) - ဒီဇင်ဘာ ၁ဝ 

တရုတ်နှင့်ဂျပန်တို့၏ ကမ်းခြေစောင့်တပ်ဖွဲ့များသည် အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုများအနီးတွင် ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ရေကြောင်းကျူးကျော်မှုများ လုပ်ဆောင်နေသည်ဟု တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။


ဂျပန်ငါးဖမ်းသင်္ဘော နှင့် ကင်းလှည့်သင်္ဘောအများအပြားသည် ဒီဇင်ဘာလ(၉)ရက်တွင် အရှေ့တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားကျွန်းစုများအနီးသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာလ(၁ဝ)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါအငြင်းပွားကျွန်းစုများကို တရုတ်နိုင်ငံတွင် Diaoyu ဟု ခေါ်ဆိုကြပြီး ဂျပန်နိုင်ငံတွင် Senkaku ဟု ခေါ်ဆို ကြကြောင်း သိရသည်။ အဆိုပါအငြင်းပွားကျွန်းစုများကို ဂျပန်ဖက်က ထိန်းချုပ်ထားသော်လည်း တရုတ်နိုင်ငံဖက်က ၎င်းတို့ပိုင်ဆိုင်သည့်ကျွန်းစုဖြစ်ကြောင်း အခိုင်အမာပြောဆိုထားသည်။


ဂျပန်သင်္ဘောများကို သတိပေးရန်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ လုပ်ဆောင် ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။ 

အငြင်းပွားကျွန်းစုများအနီးတစ်ဝိုက်သို့ ရောက်ရှိလာသော တရုတ်ကင်းလှည့်သင်္ဘောနှစ်စင်းကို သတိပေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်သင်္ဘောနှစ်စင်းသည် ဂျပန်ရေပိုင်နက်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာလ(၉)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့အပြင် ဂျပန်ကင်းလှည့်သင်္ဘော များသည် တရုတ်ကင်းလှည့်သင်္ဘောများ၏ ချဉ်းကပ်မှုကိုခံခဲ့ရသည့် ငါးဖမ်းသင်္ဘောကို ကာကွယ်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အလားတူဖြစ်ရပ်မျိုး ပြီးခဲ့သည့်နိုဝင်ဘာလ နှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရသည်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့၏ သင်္ဘောများ တိုက်မိမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ(၁ဝ)ရက်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲပြောဆိုမှုများဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ပန်းတောင်းမြို့နယ်တွင် ရေအတွင်းကန်အတွင်း ငါးဆင်းမျှားသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved