Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဥရောပနိုင်ငံများရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှု ပိုမိုမြင့်တက်လာခဲ့သလို အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိုမိုမြင့်တက်လာခဲ့ဟု ဆို

ဂျန်ဇက် (NP News) - မတ် ၁၃

ဥရောပနိုင်ငံများရဲ့ စစ်လက်နက်ပစ္စည်းများတင်သွင်းမှုဟာ နောက်ဆုံးငါးနှစ်အတွင်း ၄၇ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ပြီး ဥရောပကို အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်း တင်ပို့မှုက နောက်ဆုံးငါးနှစ်အတွင်းမှာ ၃၃ ရာခိုင်နှုန်းကနေ ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ Think tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SIPRI က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဥရောပနိုင်ငံများဟာ ၎င်းတို့ရဲ့ကာကွယ်ရေးစွမ်းရည် ပိုမိုကောင်းမွန်စေဖို့ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများ တိုးမြင့်လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ စတော့ဟုမ်း အခြေစိုက် (SIPRI) ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ Pieter D. Wezeman က "စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ဝယ်ယူမှုတွေဟာ ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ကျဆင်းမယ်ဆိုရင်တောင် ဥရောပတိုက်မှာတော့ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းမှုတွေ၊ ဝယ်ယူမှုတွေ မြင့်တက်နေတယ်။ ရုရှားနဲ့ ဥရောပတိုက်ရှိနိုင်ငံများကြား တင်းမာမှုတွေ မြင့်တက်နေခြင်းကြောင့် တင်းမာမှုအရှိန်မြင့်တက်လာနေတာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။

အဆိုပါအဖွဲ့ဟာ ကမ္ဘာတဝန်းမှာ တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ၊ တင့်ကားများ၊ အမြှောက်များ၊ ဒုံးကျည်များ၊ လက်နက်ကြီးစနစ်များ စတဲ့အရာတွေနဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်ပြီး သုံးသပ်ချက်များ ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။  အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ထဲမှာ ပါဝင်တဲ့ ဥရောပတိုက်အတွင်းရှိ နိုင်ငံများရဲ့ စစ်လက်နက် ပစ္စည်းဝယ်ယူမှုတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ၆၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း SIPRI က ပြောပါတယ်။ 

SIPRI အဆိုအရ ကမ္ဘာတဝန်းရှိ နိုင်ငံများရဲ့စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းလာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် နဲ့ ရုရှားတို့ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်အတွင်း ကမ္ဘာ့နိုင်ငံများထဲမှာ စစ်လက်နက်ပစ္စည်းကို ပြည်ပနိုင်ငံများကို အများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံများအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဟာ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်ပနိုင်ငံများကို စစ်လက်နက်ပစ္စည်းတင်ပို့မှု ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အထိ စစ်လက်နက်ပစ္စည်းတင်ပို့မှု ၄ဝ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံကတော့ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ပြည်ပနိုင်ငံများထံ စစ်လက်နက်ပစ္စည်းတင်ပို့မှု ၂၂ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version; 

ဥေရာပႏိုင္ငံမ်ားရဲ႕ စစ္လက္နက္ပစၥည္းဝယ္ယူမႈ ပိုမိုျမင့္တက္လာခဲ့သလို အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္း ေရာင္းခ်မႈ ပိုမိုျမင့္တက္လာခဲ့ဟု ဆို

ဂ်န္ဇက္ (NP News) - မတ္ ၁၃

ဥေရာပႏိုင္ငံမ်ားရဲ႕ စစ္လက္နက္ပစၥည္းမ်ားတင္သြင္းမႈဟာ ေနာက္ဆုံးငါးႏွစ္အတြင္း ၄၇ ရာခိုင္ႏႈန္းအထိ ျမင့္တက္ လာခဲ့ၿပီး ဥေရာပကို အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္း တင္ပို႔မႈက ေနာက္ဆုံးငါးႏွစ္အတြင္းမွာ ၃၃ ရာခိုင္ႏႈန္းကေန ၄ဝ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ေၾကာင္း၊ Think tank အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ SIPRI က ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ ယူကရိန္းနဲ႔ ႐ုရွားတို႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပႏိုင္ငံမ်ားဟာ ၎တို႔ရဲ႕ကာကြယ္ေရးစြမ္းရည္ ပိုမိုေကာင္းမြန္ေစဖို႔ စစ္လက္နက္ပစၥည္း ဝယ္ယူမႈမ်ား တိုးျမင့္လုပ္ေဆာင္လာခဲ့တယ္လို႔ သိရပါတယ္။ စေတာ့ဟုမ္း အေျခစိုက္ (SIPRI) ရဲ႕ သုေတသီတစ္ဦးျဖစ္တဲ့ Pieter D. Wezeman က "စစ္လက္နက္ပစၥည္းမ်ား လႊဲေျပာင္း ဝယ္ယူမႈေတြဟာ ကမာၻ႔အတိုင္းအတာနဲ႔ၾကည့္မယ္ဆိုရင္ က်ဆင္းမယ္ဆိုရင္ေတာင္ ဥေရာပတိုက္မွာေတာ့ စစ္လက္နက္ပစၥည္းေတြ တင္သြင္းမႈေတြ၊ ဝယ္ယူမႈေတြ ျမင့္တက္ေနတယ္။ ႐ုရွားနဲ႔ ဥေရာပတိုက္ရွိႏိုင္ငံမ်ားၾကား တင္းမာမႈေတြ ျမင့္တက္ေနျခင္းေၾကာင့္ တင္းမာမႈအရွိန္ျမင့္တက္လာေနတာမ်ိဳးျဖစ္တယ္" လို႔ ေျပာပါတယ္။

အဆိုပါအဖြဲ႕ဟာ ကမာၻတဝန္းမွာ တိုက္ေလယာဥ္မ်ား၊ စစ္သေဘၤာမ်ား၊ တင့္ကားမ်ား၊ အေျမႇာက္မ်ား၊ ဒုံးက်ည္မ်ား၊ လက္နက္ႀကီးစနစ္မ်ား စတဲ့အရာေတြနဲ႔ပတ္သက္ၿပီး ေလ့လာေစာင့္ၾကည့္ၿပီး သုံးသပ္ခ်က္မ်ား ထုတ္ျပန္ေနျခင္း ျဖစ္ပါတယ္။  အေမရိကန္ဦးေဆာင္တဲ့ ေနတိုးအဖြဲ႕ထဲမွာ ပါဝင္တဲ့ ဥေရာပတိုက္အတြင္းရွိ ႏိုင္ငံမ်ားရဲ႕ စစ္လက္နက္ ပစၥည္းဝယ္ယူမႈေတြဟာ ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း ၆၅ ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း SIPRI က ေျပာပါတယ္။ 

SIPRI အဆိုအရ ကမာၻတဝန္းရွိ ႏိုင္ငံမ်ားရဲ႕စစ္လက္နက္ပစၥည္းဝယ္ယူမႈေတြဟာ ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္းမွာ ၅ ဒသမ ၁ ရာခိုင္ႏႈန္း ေလ်ာ့နည္းလာခဲ့တယ္လို႔ ဆိုပါတယ္။ အေမရိကန္ နဲ႔ ႐ုရွားတို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၃ဝ ေက်ာ္အတြင္း ကမာၻ႔ႏိုင္ငံမ်ားထဲမွာ စစ္လက္နက္ပစၥည္းကို ျပည္ပႏိုင္ငံမ်ားကို အမ်ားဆုံး တင္ပို႔ေရာင္းခ်တဲ့ႏိုင္ငံမ်ားအျဖစ္ ရပ္တည္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ဟာ ၂ဝ၁၃ ခုႏွစ္ကေန ၂ဝ၁၇ ခုႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားကို စစ္လက္နက္ပစၥည္းတင္ပို႔မႈ ၁၄ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ၂ဝ၁၈ ခုႏွစ္ကေန ၂ဝ၂၃ ခုႏွစ္အထိ စစ္လက္နက္ပစၥည္းတင္ပို႔မႈ ၄ဝ ရာခိုင္ႏႈန္း အထိ ျမင့္တက္ လာခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ႐ုရွားႏိုင္ငံကေတာ့ ၿပီးခဲ့တဲ့ ငါးႏွစ္တာ ကာလအတြင္း ျပည္ပႏိုင္ငံမ်ားထံ စစ္လက္နက္ပစၥည္းတင္ပို႔မႈ ၂၂ ရာခိုင္ႏႈန္းကေန ၁၆ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့တယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တည်ငြိမ်အေးချမ်းသည့် ပအိုဝ်းဒေသကို ထိခိုက်စေခဲ့သော KNPP၊ KNDF အဖွဲ့များအား အပြင်းအထန်တုံ့ပြန်သွားမည်ဟု နစကပြောခွင့်ရဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved