Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တည်ငြိမ်အေးချမ်းသည့် ပအိုဝ်းဒေသကို ထိခိုက်စေခဲ့သော KNPP၊ KNDF အဖွဲ့များအား အပြင်းအထန်တုံ့ပြန်သွားမည်ဟု နစကပြောခွင့်ရဆို

NP News - မတ် ၁၃


တည်ငြိမ်အေးချမ်းသည့် ပအိုဝ်းဒေသကို ထိခိုက်စေခဲ့သော KNPP၊ KNDF အဖွဲ့များအား လုံခြုံရေးအရ လိုအပ်သည့်အရေးယူဆောင်ရွက်မှု အပြင်းအထန်လုပ်ဆောင်သွားမည်ဟု နစကပြောခွင့်ရက တုံ့ပြန်ထားသည်။


နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မတ်လ ၁၃ ရက်)တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နယ်၊ နန့်နိမ်ရွာတိုက်ပွဲနှင့်ပတ်သက်၍ မီဒီယာများအား ပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


ပင်လောင်းမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်သည့် ဒေသဖြစ်ကာ ၎င်းဒေသနှင့်နီးစပ်သော ကယားပြည်နယ်တွင် တပ်မတော်နှင့် KNDF၊ PDF၊ KNPP အဖွဲ့အစည်းများကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။


ယခု မတ်လဆန်းပိုင်းတွင် KNDF၊ KNPP အဖွဲ့များသည် ပအိုဝ်းဒေသဘက်သို့ နှောက်ယှက်ဖျက်ဆီးတိုက်ခိုက်မှုများရှိလာခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။


“ဒီဖြစ်စဉ်ကလည်း မတ်လ ၁၁ ရက်က ဖြစ်ခဲ့တယ်။ ပင်လောင်းမြို့နယ်၊ နန့်နိမ်ရွာမှာ KNPP၊ KNDF အ ကြမ်းဖက်အဖွဲ့တွေ ရောက်လာပြီးတော့ ရွာကို ခြိမ်းခြောက်တာတွေ၊ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေရှိလာတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ နယ်မြေလုံခြုံရေးဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၁ ရက်၊ ၉ နာရီမှာ အဲဒီရွာနားလေးရောက်တဲ့အခါမှာ KNDF၊ PDF၊ KNPP အကြမ်းဖက်အဖွဲ့တွေက တပ်မတော်စစ်ကြောင်းတွေ၊ နယ်မြေခံပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ချောင်းမြောင်းပစ်ခတ်ခဲ့တာရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။


အဆိုပါအဖွဲ့များအနေဖြင့် နန့်နိမ်ရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုများရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အလောင်းနှင့် လက်နက်အချို့ရရှိခဲ့ပြီး ညနေ ၃ နာရီအချိန်ခန့်တွင်လည်း နှစ်ဖက်အကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


၎င်း KNPP၊ KNDF အဖွဲ့များအနေဖြင့် တည်ငြိမ်အေးချမ်းကာဖွံ့ဖြိုးတိုးတက်နေသည့် ပအိုဝ်းဒေသကို ဖျက်ဆီးရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းမျိုးဖြစ်ကြောင်းလည်း နစကပြောခွင့်ရက တုံ့ပြန်ထားသည်။


“ကျွန်တော်တို့ အနေနဲ့က KNPP၊ PDF၊ KNDF အဖွဲ့တွေကို တိုက်ခိုက်ခဲ့တာသာဖြစ်တယ်။ ဒီနေရာမှာ ရွာသူရွာသားတွေ သေတယ်ဆိုပြီး သတင်းမှားလွှင့်နေတာရှိတယ်။ သူတို့ ဝင်သွားပြီးတော့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသူရွာသားတစ်ချို့လည်း သေဆုံးနေတယ်ဆိုတာမျိုးတွေ၊ ထိခိုက်ဒဏ်ရာရတယ်ဆိုတာမျိုးလည်း တွေ့ရတယ်။ ထွက်ပြေးရတာမျိုးလည်းရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ ပအိုဝ်းဒေသသည် အစဉ်အဆက်ငြိမ်းချမ်းလာတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာရှိတဲ့ KNPP၊ KNDF အဖွဲ့တွေအနေနဲ့ ဒါပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့တပ်မတော်၊ ပြီးရင် ဒေသခံ ပအိုဝ်းပြည်သူ့စစ်တွေကြားမှာ ထင်ရောင်ထင်မှားဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက တုံ့ပြန်ထားသည်။


ထို့ပြင် KNDF ဘက်ကလည်း နန့်နိမ်ကျေးရွာ ဘုန်ကြီးကျောင်းအတွင်း ခိုလှုံနေသည့် ရဟန်းသံဃာအပါ အဝင် ပြည်သူစုစု ပေါင်း (၂၈)ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဓါတ်ပုံများဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။


အဆိုပါရုပ်အလောင်းများနှင့်ပတ်သက်၍ တပ်မတော်ဘက်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF ဘက်က ပြောဆိုထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။


ထိုကဲ့သို့ ပြောဆိုထုတ်ပြန်မှုများနှင့်ပတ်သက်၍ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထား သည်။


“တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းပြည်သူလူထုအသက်အိုးအိမ်စည်းဇိမ်တွေကို ထိခိုက်ခဲ့တဲ့ KNPP၊ KNDF အဖွဲ့တွေကို ကျွန်တော်တို့အနေနဲ့ ထပ်မံပြီးတော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူဆောင်ရွက်မှု တွေကို အပြင်းအထန်ဆက်လက်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။


ပအိုဝ်းဒေသ၌ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေမှာ (၈ဝဝဝ)ကျော်အထိရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)ဘက်က NP News ကို ပြောဆိုထားသည်။

zawgyi version

တည္ၿငိမ္ေအးခ်မ္းသည့္ ပအိုဝ္းေဒသကို ထိခိုက္ေစခဲ့ေသာ KNPP၊ KNDF အဖြဲ႕မ်ားအား အျပင္းအထန္တုံ႔ျပန္သြားမည္ဟု နစကေျပာခြင့္ရဆို


NP News - မတ္ ၁၃


တည္ၿငိမ္ေအးခ်မ္းသည့္ ပအိုဝ္းေဒသကို ထိခိုက္ေစခဲ့ေသာ KNPP၊ KNDF အဖြဲ႕မ်ားအား လုံၿခဳံေရးအရ လိုအပ္သည့္အေရးယူေဆာင္႐ြက္မႈ အျပင္းအထန္လုပ္ေဆာင္သြားမည္ဟု နစကေျပာခြင့္ရက တုံ႔ျပန္ထားသည္။


နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(မတ္လ ၁၃ ရက္)တြင္ ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕ နယ္၊ နန႔္နိမ္႐ြာတိုက္ပြဲႏွင့္ပတ္သက္၍ မီဒီယာမ်ားအား ေျပာဆိုရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။


ပင္ေလာင္းၿမိဳ႕နယ္သည္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုျဖစ္ၿပီး တည္ၿငိမ္ေအးခ်မ္းကာ ဖြံ႕ၿဖိဳးတိုးတက္သည့္ ေဒသျဖစ္ကာ ၎ေဒသႏွင့္နီးစပ္ေသာ ကယားျပည္နယ္တြင္ တပ္မေတာ္ႏွင့္ KNDF၊ PDF၊ KNPP အဖြဲ႕အစည္းမ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။


ယခု မတ္လဆန္းပိုင္းတြင္ KNDF၊ KNPP အဖြဲ႕မ်ားသည္ ပအိုဝ္းေဒသဘက္သို႔ ေႏွာက္ယွက္ဖ်က္ဆီးတိုက္ခိုက္မႈမ်ားရွိလာခဲ့ၿပီး တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။


“ဒီျဖစ္စဥ္ကလည္း မတ္လ ၁၁ ရက္က ျဖစ္ခဲ့တယ္။ ပင္ေလာင္းၿမိဳ႕နယ္၊ နန႔္နိမ္႐ြာမွာ KNPP၊ KNDF အ ၾကမ္းဖက္အဖြဲ႕ေတြ ေရာက္လာၿပီးေတာ့ ႐ြာကို ၿခိမ္းေျခာက္တာေတြ၊ နယ္ေျမေဒသကို ၿခိမ္းေျခာက္တာေတြရွိလာတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္အေနနဲ႔လည္း ေဒသခံျပည္သူ႔စစ္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ကြၽန္ေတာ္တို႔ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ျဖစ္ခဲ့ပါတယ္။ မတ္လ ၁၁ ရက္၊ ၉ နာရီမွာ အဲဒီ႐ြာနားေလးေရာက္တဲ့အခါမွာ KNDF၊ PDF၊ KNPP အၾကမ္းဖက္အဖြဲ႕ေတြက တပ္မေတာ္စစ္ေၾကာင္းေတြ၊ နယ္ေျမခံျပည္သူ႔စစ္ေတြကို စတင္တိုက္ခိုက္ခဲ့တာရွိပါတယ္။ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့တာရွိပါတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ တိုက္ပြဲျဖစ္ပြားခဲ့တာရွိပါတယ္” ဟု နစကေျပာခြင့္ရက ဆိုသည္။


အဆိုပါအဖြဲ႕မ်ားအေနျဖင့္ နန႔္နိမ္႐ြာအတြင္း ဝင္ေရာက္ပစ္ခတ္မႈမ်ားရွိခဲ့ၿပီး ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ရာတြင္ အေလာင္းႏွင့္ လက္နက္အခ်ိဳ႕ရရွိခဲ့ၿပီး ညေန ၃ နာရီအခ်ိန္ခန႔္တြင္လည္း ႏွစ္ဖက္အၾကား ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း  ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။


၎ KNPP၊ KNDF အဖြဲ႕မ်ားအေနျဖင့္ တည္ၿငိမ္ေအးခ်မ္းကာဖြံ႕ၿဖိဳးတိုးတက္ေနသည့္ ပအိုဝ္းေဒသကို ဖ်က္ဆီးရန္အတြက္ ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္ျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း နစကေျပာခြင့္ရက တုံ႔ျပန္ထားသည္။


“ကြၽန္ေတာ္တို႔ အေနနဲ႔က KNPP၊ PDF၊ KNDF အဖြဲ႕ေတြကို တိုက္ခိုက္ခဲ့တာသာျဖစ္တယ္။ ဒီေနရာမွာ ႐ြာသူ႐ြာသားေတြ ေသတယ္ဆိုၿပီး သတင္းမွားလႊင့္ေနတာရွိတယ္။ သူတို႔ ဝင္သြားၿပီးေတာ့ ရမ္းသမ္းပစ္ခတ္ခဲ့တဲ့အတြက္ ႐ြာသူ႐ြာသားတစ္ခ်ိဳ႕လည္း ေသဆုံးေနတယ္ဆိုတာမ်ိဳးေတြ၊ ထိခိုက္ဒဏ္ရာရတယ္ဆိုတာမ်ိဳးလည္း ေတြ႕ရတယ္။ ထြက္ေျပးရတာမ်ိဳးလည္းရွိတယ္။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ပအိုဝ္းေဒသသည္ အစဥ္အဆက္ၿငိမ္းခ်မ္းလာတဲ့ ေဒသျဖစ္တဲ့အတြက္ ေတာင္ဘက္မွာရွိတဲ့ KNPP၊ KNDF အဖြဲ႕ေတြအေနနဲ႔ ဒါပအိုဝ္းေဒသတည္ၿငိမ္ေအးခ်မ္းေရးကို ဖ်က္ဆီးဖို႔၊ ၿပီးရင္ အစိုးရနဲ႔တပ္မေတာ္၊ ၿပီးရင္ ေဒသခံ ပအိုဝ္းျပည္သူ႔စစ္ေတြၾကားမွာ ထင္ေရာင္ထင္မွားျဖစ္ေစဖို႔အတြက္ ဒီသတင္းေတြကို ထုတ္လႊင့္ေနျခင္းျဖစ္တယ္။ စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့သူေတြဟာ ဒီလူေတြပဲ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္” ဟု ၎က တုံ႔ျပန္ထားသည္။


ထို႔ျပင္ KNDF ဘက္ကလည္း နန႔္နိမ္ေက်း႐ြာ ဘုန္ႀကီးေက်ာင္းအတြင္း ခိုလႈံေနသည့္ ရဟန္းသံဃာအပါ အဝင္ ျပည္သူစုစု ေပါင္း (၂၈)ဦး သတ္ျဖတ္ခံထားရသည့္ ႐ုပ္အေလာင္းမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း ဓါတ္ပုံမ်ားျဖင့္ ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။


အဆိုပါ႐ုပ္အေလာင္းမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္ဘက္က သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း KNDF ဘက္က ေျပာဆိုထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။


ထိုကဲ့သို႔ ေျပာဆိုထုတ္ျပန္မႈမ်ားႏွင့္ပတ္သက္၍ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုထား သည္။


“တပ္မေတာ္အေနနဲ႔ကေတာ့ ပအိုဝ္းျပည္သူလူထုအသက္အိုးအိမ္စည္းဇိမ္ေတြကို ထိခိုက္ခဲ့တဲ့ KNPP၊ KNDF အဖြဲ႕ေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ထပ္မံၿပီးေတာ့ လုံၿခဳံေရးအရ လိုအပ္တဲ့အေရးယူေဆာင္႐ြက္မႈ ေတြကို အျပင္းအထန္ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ပဲ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ထားသည္။


ပအိုဝ္းေဒသ၌ ျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ျပည္သူဦးေရမွာ (၈ဝဝဝ)ေက်ာ္အထိရွိေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO/PNA)ဘက္က NP News ကို ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၂ ပတ်နဲ့မွေးဖွားခဲ့တဲ့ ကလေးငယ် အသက်ရှင်သန်ခဲ့

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved