Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂွလေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ဓာတ်အား နာရီသန်းပေါင်း (၂၂၇)ကီလိုဝပ်ကျော် ထုတ်လုပ်နိုင်မည်

ယွန်း (NP News) - မတ် ၁၃


မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော် တည်ဆောက်မည့် ဂွလေအားလျှပ်စစ် စီမံကိန်း တည် ဆောက်ပြီးစီးပါက တစ်နှစ်လျှင်ဓာတ်အား နာရီသန်းပေါင်း (၂၂၇)ကီလိုဝပ်ကျော် ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မတ်လ(၁၂)ရက်တွင် ရခိုင်ပြည် နယ်ရှိ ဂွလေအား လျှပ်စစ်စီမံကိန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဂွလေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်နိုင်ငံမှ YMEC တို့မှ ပူးပေါင်း၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


၎င်းစီမံကိန်းကို စက်တပ်ဆင်အင်အား (၁ဝဝ)မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်မှု ဓာတ်အားမှာ နာရီသန်းပေါင်း (၂၂၇ ဒသမ  ၂)ကီလိုဝပ်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း(၃)ခုကို ရခိုင်ပြည်နယ်ရှိ ဂွမြို့၊ အမ်းမြို့နှင့် သံတွဲမြို့တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများအတွက် သဘောတူညီမှုစာချွန်လွှာ(MOA)ကို ပြီးခဲ့သည့် မတ်လ(၁) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


စီမံကိန်း(၃)ခုလုံးကို ၂ဝ၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် (၅ဝ)မဂ္ဂါဝပ်ကို ယခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်သည်။


လက်ရှိတွင် စီမံကိန်းလုပ်ငန်းများကို စတင်နေပြီဖြစ်ပြီး ရခိုင်ဒေသရှိ အရင်းအမြစ်များတွင် လေအားနှင့်ထုတ်လုပ်သည့် အရင်းအမြစ်များရှိသဖြင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


ထို့ပြင် ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး အမြန်ဆုံးထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

zawgyi version

ဂြေလအားလွ်ပ္စစ္စီမံကိန္းၿပီးစီးပါက တစ္ႏွစ္လွ်င္ ဓာတ္အား နာရီသန္းေပါင္း (၂၂၇)ကီလိုဝပ္ေက်ာ္ ထုတ္လုပ္ႏိုင္မည္


ယြန္း (NP News) - မတ္ ၁၃


ျမန္မာႏိုင္ငံတြင္ ပထမဆုံးအေကာင္အထည္ေဖာ္ တည္ေဆာက္မည့္ ဂြေလအားလွ်ပ္စစ္ စီမံကိန္း တည္ ေဆာက္ၿပီးစီးပါက တစ္ႏွစ္လွ်င္ဓာတ္အား နာရီသန္းေပါင္း (၂၂၇)ကီလိုဝပ္ေက်ာ္ ထုတ္လုပ္ႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။


လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က မတ္လ(၁၂)ရက္တြင္ ရခိုင္ျပည္ နယ္ရွိ ဂြေလအား လွ်ပ္စစ္စီမံကိန္းေဆာင္႐ြက္ေနမႈအား သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။


အဆိုပါ ဂြေလအားလွ်ပ္စစ္စီမံကိန္းကို ျမန္မာႏိုင္ငံသားပိုင္ PRIMUS၊ ေဟာင္ေကာင္အေျခစိုက္ AED ႏွင့္ တ႐ုတ္ႏိုင္ငံမွ YMEC တို႔မွ ပူးေပါင္း၍ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


၎စီမံကိန္းကို စက္တပ္ဆင္အင္အား (၁ဝဝ)မဂၢါဝပ္ျဖင့္ တည္ေဆာက္မည္ျဖစ္ၿပီး တစ္ႏွစ္ထုတ္လုပ္မႈ ဓာတ္အားမွာ နာရီသန္းေပါင္း (၂၂၇ ဒသမ  ၂)ကီလိုဝပ္ရွိေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံတြင္ ပထမဆုံးတည္ေဆာက္မည့္ ေလအားလွ်ပ္စစ္စီမံကိန္း(၃)ခုကို ရခိုင္ျပည္နယ္ရွိ ဂြၿမိဳ႕၊ အမ္းၿမိဳ႕ႏွင့္ သံတြဲၿမိဳ႕တို႔တြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး အဆိုပါစီမံကိန္းမ်ားအတြက္ သေဘာတူညီမႈစာခြၽန္လႊာ(MOA)ကို ၿပီးခဲ့သည့္ မတ္လ(၁) ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။


စီမံကိန္း(၃)ခုလုံးကို ၂ဝ၂၅ ခုႏွစ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၎တို႔အနက္မွ ဂြစီမံကိန္း၏ ပထမအဆင့္ (၅ဝ)မဂၢါဝပ္ကို ယခုႏွစ္ ဒီဇင္ဘာလတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္သြားမည္ျဖစ္သည္။


လက္ရွိတြင္ စီမံကိန္းလုပ္ငန္းမ်ားကို စတင္ေနၿပီျဖစ္ၿပီး ရခိုင္ေဒသရွိ အရင္းအျမစ္မ်ားတြင္ ေလအားႏွင့္ထုတ္လုပ္သည့္ အရင္းအျမစ္မ်ားရွိသျဖင့္ ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္သြားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။


ထို႔ျပင္ ယခုစီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ေလအားလွ်ပ္စစ္စီမံကိန္းျဖစ္ၿပီး အျမန္ဆုံးထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗိုလ်တစ်ထောင်မြို့နယ်တွင် အုတ်ခုံပေါ်၌ သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်းတွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved