Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နော့ဒ် စထရင်း ဓာတ်ငွေ့ပိုက်လိုင်းဖေါက်ခွဲမှု လက်သည်တရားခံပေါ်ထွက်လာခြင်း

မောင်တင်ထွန်း(နတ်မောက်) (NP News) - မတ် ၁၃


၂၀၂၂ ခုနှစ်စက်တင်ဘာလတုန်းက နော့ဒ်စထရင်း ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခဲ့တဲ့ လက်သည်ဟာ စီအိုင်အေ ဖြစ်ပြီး၊ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ညွှန်ကြားမှုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဝါရင့် စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဆီမောဟက်ရှ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီလိုပြောဆိုချက်ကို သမ္မတ ဘိုင်ဒန်ရဲ့ရုံးက ငြင်းဆိုလိုက်ပြီး “လုံးဝမှားယွင်းတဲ့ စိတ်ကူးယဉ်ထွင်လုံး” တစ်ခုသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။


ဆီမော ဟက်ရှ်ဆိုတာ ဘယ်သူလဲ

ဒီနေရာမှာ ဆီမော ဟက်ရှ်ဆိုတာ ဘယ်သူလဲဆိုတာပြောဖို့ လိုအပ်လာပါတယ်။ သူက ၁၉၃၇ ခုနှစ်မှာမွေးဖွား ပြီး ချီကာဂိုတက္ကသိုလ်က သမိုင်းဘာသာရပ်နဲ့ဘွဲ့ရခဲ့တဲ့၊ ယခုအခါ အသက် (၈၆) နှစ်ရှိပြီဖြစ်တဲ့ ပူလစ်ဇာဆုရ သတင်းထောက်တစ်ယောက်ပါ။  ၁၉၅၉ ခုနှစ်မှာ ချီကာဂို မြို့တော် သတင်းဌာနမှာ ရဲသတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ 


သူဟာ နယူးယောက်တိုင်းမ်စ် သတင်းစာနဲ့ နယူးယောက်ကား မဂ္ဂဇင်းတို့မှာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ 


၁၉၆၈ ခုနှစ် သမ္မတရွေးချယ်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ် ယူဂျင်းမက္ကာသီ အတွက် သတင်းပြန်ကြားရေး အတွင်းရေးမှူးလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ဗီယက်နမ်စစ်ပွဲသတင်းတွေ ထောက်လှမ်း သတင်းရေးသားရတဲ့ အလွတ်သတင်းထောက်လုပ်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ မိုင်လေ လူသတ်ပွဲ စုံစမ်းထောက်လှမ်းရရှိမှု သတင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ အမေရိကန် စစ်တပ်ဟာ ၁၉၆၉ ခုနှစ် အစောပိုင်းက လက်နက်မဲ့ ဗီယက်နမ်အရပ်သားပေါင်း ရာချီသတ်ဖြတ်ခဲ့တာကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။  အဲဒီတုန်းက ဒီသတင်းကို သတင်းစာပေါင်း (၃၃)စောင်ကဖော်ပြခဲ့ပြီး သူလည်းအဲဒီ သတင်းအတွက် ၁၉၇ဝ ခုနှစ် ပူလစ်ဇာ နိုင်ငံတကာ သတင်းပေးပို့ဆုကို  ရရှိခဲ့ပါတယ်။


နောက်လေးနှစ်အကြာမှာ သူဟာ နယူးယောက်တိုင်းမ်စ် သတင်းစာတိုက်မှာ အလုပ်ဝင်ခဲ့ပြီး ဝါးတားဂိတ် အရှုပ်တော်ပုံအကြောင်းကို သတင်းရေးသားခဲ့ပါတယ်။ သူဟာ သမ္မတနစ်ဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားက နိုင်ငံခြားရေးရာမှာ ဘယ်လောက် အရှိန်ဩဇာကြီးပုံကိုလေ့လာသုံးသပ်ထားတဲ့ “ The Price of Power: Kissinger in the Nixon White House (1983),” စာအုပ်ကိုလည်း ‌ရေးသားခဲ့သူဖြစ်ပါတယ်။


၂ဝဝ၃ ခုနှစ် အမေရိကန်က အီရတ်ကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း၊  ဘဂ္ဂဒတ်မြို့အနီးက အဘူဂါရိဗ် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရသူတွေအပေါ်  အမေရိကန်စစ်ပုလိပ်တွေက ရက်စက်စွာပြုမူ ဆက်ဆံပုံတွေကို နယူးယောက်ကား မဂ္ဂဇင်းကနေ ‌ရေးသားဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ရေးသားချက်တွေကို စုစည်းပြီး Chain of Command: The Road from 9/11 to Abu Ghraib ဆိုတဲ့ နာမည်နဲ့ ၂ဝဝ၄ ခုနှစ်မှာ စာအုပ် ထုတ်ဝေခဲ့ပါတယ်။


ဟက်ရှ်ဟာ ပူလစ်ဇာဆုအပြင် နေရှင်နယ် မဂ္ဂဇင်းကပေးတဲ့ လူထုစိတ်ဝင်စားမှုဆု တစ်ခု နဲ့ ဂျော့ဂျ် ပေါ့လ်ခ် ဆု ငါးဆုတို့အပါအဝင် တခြားဂုဏ်ပြုမှု အများအပြားကို ရရှိခဲ့သူဖြစ်ပါတယ်။


  နော့ဒ်စထရင်းကို ဘယ်သူတွေ ဘယ်လိုဖေါက်ခွဲခဲ့သလဲ

ယခုလည်းသူ ရရှိတဲ့ နော့ဒ်စထရင်းပိုက်လိုင်း‌ဖေါက်ခွဲခံရမှု သတင်းကို “Substack” မှာ ဘလော့ဂ်ပို့စ် ရေးတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သတင်းထဲမှာ အမေရိကန် ရေတပ် ရေငုပ်သမားများဟာ ၂ဝ၂၂ ခုနှစ် နွေလယ်ကာလ နေတိုးတပ်ဖွဲ့လေ့ကျင့်ရေးလုပ်တာကို အကာအကွယ်ယူပြီး နော့ဒ်စထရင်းပိုက်လိုင်း လေးခုအနက်က သုံးခုကို (နော့ဒ်စထရင်း ‘၁’ နှင့် နော့ဒ်စထရင်း ‘၂’ တို့တွင် ပိုက်လိုင်း နှစ်လိုင်းစီဖြင့် စုစုပေါင်း လေးလိုင်းပါဝင်သည်။ )  ဖေါက်ခွဲဖျက်ဆီးဖို့၊ အဝေးထိန်းဗုံးတွေ တပ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒီသတင်းကို လျှို့ဝှက်ပေးပို့တဲ့ အမည်မဖော်လိုသူဟာ ဒီစစ်ဆင်ရေးမှာ တိုက်ရိုက်ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တယ်လို့လည်း ဆီမောဟက်ရှ်က ရေးပါတယ်။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက် ခိုက်တာ အသည်းအသန်ဖြစ်လာတဲ့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အလုပ်အဖွဲ့ သစ်တစ်ခုကိုဖွဲ့ပြီး ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ပူးတွဲစစ်ဦးစီးချုပ်တွေ၊ စီအိုင်အေ၊ နိုင်ငံခြားရေးရာနဲ့ ဘဏ္ဍာရေးဌာန တာဝန်ရှိသူတွေပါဝင်ပါတယ်။

အမေရိကန်စိုးရိမ်ပူပန်တာက ဂျာမနီနဲ့ ဥရောပအနောက်ဖက်ပိုင်းက နိုင်ငံတွေဟာ နော့ဒ်စထရင်း ပိုက်လိုင်း က စျေးသက်သာတဲ့ ရုရှားဓါတ်ငွေ့ကို မှီခိုအားထားနေသ၍ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်း နိုင်ငံကို စစ်ရေးအရကူညီဖို့ တွန့်ဆုတ်နှောင့်နှေးနေကြမှာကိုပါ။ 


ဒါကြောင့် ဝါရှင်တန်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့အတွင်းမှာ ဒီစိုးရိမ်ပူပန်နေရမှုကို အဆုံးသတ်သွားအောင် ဘယ်လိုအကောင်းဆုံးဆောင်ရွက်မလဲဆိုတာ ကိုးလကြာ အပြန်ပြန်အလှန်လှန်သုံးသပ်ဆွေးနွေးကြပြီးတဲ့နောက် မှာ  ဒီပိုက်လိုင်းကို ဖေါက်ခွဲဖျက်ဆီးပစ်လိုက်ဖို့ သမ္မတ ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့တာပါ။


ဒီတာဝန်ကိုအကောင်အထည်ဖော်ဖို့ အမေရိကန်ဟာ ၂ဝ၂၂ ခုနှစ် မတ်လမှာ နော်ဝေနိုင်ငံဆီက အကူအညီ တောင်းခံခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်ရွေးစင် စီအိုင်အေအဖွဲ့နဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီအဖွဲ့ဝင်တစ်ချို့ ဟာ နော်ဝေနိုင်ငံကိုသွားပြီး နော်ဝေး အမျိုးသားလုံခြုံရေးနဲ့ ရေတပ်တို့နဲ့ တိုင်ပင်ဆွေးနွေးခဲ့ရတယ်လို့ ဟက်ရှ်က ရေးပါတယ်။ 


ဒိန်းမတ်ပိုင် ဘွန်ဟွန်း ( Bornholm ) ကျွန်းနဲ့ မိုင်အနည်းငယ်လောက်သာဝေးတဲ့ ဘောလတစ်ပင်လယ် ရေတိမ်ပိုင်းက နေရာကို အသင့်တော်ဆုံးနေရာအဖြစ် နော်ဝေးရေတပ်က ရွေးချယ်ပေးတယ်လို့ ဟက်ရှ်ရဲ့ သတင်း ကဆိုပါတယ်။ 


သုံးလလောက်ကြာပြီးတဲ့နောက်မှာ ဖလော်ရီဒါပြည်နယ်၊ ပနားမားစီးတီးက အမေရိကန်ရေတပ် ရေငုပ် ကယ်ဆယ်ရေးစင်တာက ပင်လယ်ရေနက် ရေငုပ်သမားအဖွဲ့ဟာ သတ်မှတ်ရွေးချယ်ထားတဲ့နေရာကိုသွား ရောက်ပြီး C4 ဖေါက်ခွဲယမ်းထုတ်တွေကို ပိုက်လိုင်းတလျှောက် တပ်ဆင်ခဲ့ပါတယ်။ အဲဒီကာလက နေတိုးရဲ့ “ Baltops 22” ပူးပေါင်းစစ်လေ့ကျင့်ရေးလုပ်နေတဲ့ ၂ဝ၂၂ ခုနှစ် ဂျွန်လအတွင်းဖြစ်ပါတယ်။ 

အဲဒီနောက် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာ နော်ဝေးရေတပ်က P8 ထောက်လှမ်းရေး လေယာဉ် တစ်စီးနဲ့ ချထားတဲ့ ဆိုနာဘောပေါ်ကနေ ခလုပ်ဖြုတ်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဟက်ရှ်ကရေးထားပါတယ်။


မိနစ်အနည်းငယ်အတွင်းမှာဘဲ ပင်လယ်ရေမျက်နှာပြင်ထက်မှာ မီသိန်းဓါတ်ငွေ့ရေပွက်ကြီးတွေ ပွက်ထလာ တာကို တွေ့မြင်ရပြီး ပိုက်လိုင်းပေါက်ကွဲတဲ့ကိစ္စကို တစ်ကမ္ဘာလုံးက သိရှိသွားပါတယ်လို့ သတင်းမှာ‌ရေးထားပါ တယ်။ အဲဒီဖောက်ခွဲမှုကြောင့် နော့ဒ်စထရင်း ‘၁’ ရဲ့ ပိုက် A နဲ့ B ၊ နော့ဒ်စထရင်း “၂” ရဲ့ ပိုက် A စုစုပေါင်း (၃) နေရာမှာ ပေါက်ကွဲပျက်စီးမှုတွေဖြစ်ပြီး ဓာတ်ငွေ့တွေ ယိုထွက်လာခဲ့ပါတယ်။

နော့ဒ်စထရင်း ပိုက်လိုင်းဆိုတာဘာလဲ

နော့ဒ်စထရင်း ပိုက်လိုင်းဆိုတာ ရုရှားကနေ ဂျာမနီကို ဘောလတစ်ပင်လယ်ထဲကနေ သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ ပို့လွှတ်တဲ့ ပိုက်လိုင်းဘဲဖြစ်ပါတယ်။


(၁၂၂၄) ကီလိုမီတာရှည်တဲ့ နော့ဒ်စထရင်းပိုက်လိုင်းဟာ ရုရှားနိုင်ငံမြောက်ပိုင်း ဗီးဘော့ခ် ( Vyborg ) ကနေ ဂျာမနီနိုင်ငံမြောက်ပိုင်း လုဗ်မင် ( Lubmin ) ကိုသွယ်တန်းထားတာပါ။ ဒီစီမံကိန်းကို နော့ဒ်စထရင်း AG နဲ့ ဂက်ဇ် ပရွန်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီပိုက်လိုင်းကပို့လွှတ်တဲ့ ဓါတ်ငွေ့တွေကနေ အမြတ်အစွန်းတွေ ကောင်းကောင်းရခဲ့တယ်လို့ ဆိုပါတယ်။


နော့ဒ်စထရင်း ‘၁’ ပိုက်လိုင်းက သဘာဝဓာတ်ငွေ့တွေကို ဂျာမနီကို ပို့လွှတ်တာဖြစ်ပေမဲ့ ဂျာမနီကတဆင့်  ဥရောပ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ နိုင်ငံတွေကို ကုန်းလမ်းကနေ ဆက်လက်ဖြန့်ချီတဲ့ ဓာတ်ငွေ့ပမာဏ အရေအတွက်ကလည်း မနည်းလှဘူးလို့ ရိုက်တာက ဆိုပါတယ်။


၂ဝ၁၅ ခုနှစ်မှာတော့ ဂက်ဇ်ပရွန်နဲ့ တခြားဥရောပကုမ္ပဏီ ငါးခုတို့ဟာ အမေရိကန်ဒေါ်လာ (၁၁)ဘီလျံတန်တဲ့ နော့ဒ်စထရင်း ‘၂’ ပိုက်လိုင်းကို တည်ဆောက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီပိုက်လိုင်းက ရုရှားနိုင်ငံ အုစ်လုဂါ ( Ust-Luga ) ကနေ ဂျာမနီနိုင်ငံ ဂရိုက်ဖ်စဝိုင်းလ်ဒ် (Greifswald) အထိ ဘောလတစ်ပင်လယ်ထဲကနေ သွယ်တန်း မှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းသစ်ကနေ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ (၅၅) ဘီလျံ ပို့လွှတ်နိုင်ပါတယ်။ (၁၂၃၄) ကီလိုမီတာ ရှည်လျားတဲ့ ဒီပိုက်လိုင်းဟာ ၂ဝ၂၁ ခုနှစ်မှာပြီးစီးပါတယ်။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ထဲမှာ ဂျာမနီနိုင်ငံ စွမ်းအင်ဆိုင်ရာစည်းကမ်းကြီးကြပ်ထိန်းသိမ်းသူတွေက ဒီပိုက်လိုင်းက ဓာတ်ငွေ့ပို့တာကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ 


ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကို တုန့်ပြန်ကြပုံ

ဒီကိစ္စဖြစ်ပွားပြီးတဲ့နောက်မှာ အနောက်တိုင်းမီဒီယာတွေက ဒီပေါက်ကွဲမှုရဲ့ လက်သည်ဟာ ရုရှားဖြစ်နိုင် တယ်လို့ ထပ်ခါထပ်ခါ စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလို ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုးလုပ်ဖို့ကို လှုံ့ဆော်တဲ့ လုံလောက်တဲ့ အကြောင်းတရားကို ရှင်းလင်းအောင်မဖော်ပြနိုင်ကြပါဘူး။ 

တခြားတဖက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒါဟာ ဥရောပတိုက်နိုင်ငံ တွေအနေနဲ့ ရုရှားရဲ့စွမ်းအင်အပေါ်မှီခိုနေရမှုကို လျှော့ချဖို့ အခွင့်အလမ်းတစ်ခုဘဲလို့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ က မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ဒီဗုံးဖေါက်ခွဲခံရမှုကိစ္စကို မေးမြန်းရာမှာ ပြောသွားခဲ့ပါတယ်။


နေတိုးအဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ပြောဆိုရာမှာ “ဒါဟာ တမင်သက်သက်၊ အကျိုးအကြောင်းမဲ့စွာ၊ တာဝန်မဲ့ပြုမူလိုက်တဲ့ အဖျက်အမှောက်လုပ်ဆောင်ချက်” တစ်ခုသာဖြစ်တယ်လို့ဆိုတဲ့ အပြင် သူတို့ မဟာမိတ်များရဲ့ အသက်သွေးကြော အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုတွေကို “တညီတ ညွတ်တည်း ပြတ်ပြတ်သားသား” တုန့်ပြန်သွားဖို့ ကတိပြုပါတယ်လို့ ဆိုပါတယ်။


ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲသွားလို့ ရုရှားဓာတ်ငွေ့တင်သွင်းမှု အနည်းဆုံးကျဆင်းသွားတဲ့အခါ ဥရောပဟာ ဒီနှစ် ဆောင်းရာသီမှာ လိုအပ်တဲ့ စွမ်းအင်အတွက် ဓာတ်ငွေ့အရည် LNG ကို အမေရိကန်ကနေ အမြောက်အများ တင်သွင်းရပါတော့တယ်။ အမေရိကန် LNG ဟာ ရုရှားကလာတဲ့ သဘာဝဓာတ်ငွေ့ထက် အများကြီး ပိုစျေးကြီး ပေမဲ့ ဥရောပတိုက်အဖို့ တခြားရွေးချယ်စရာ များများမရှိပါ။ 

အမေရိကန်အနေနဲ့လည်း ဥရောပတိုက်ကို ဒီလိုဖြစ်နေစေချင်တာ ကြာပြီ မဟုတ်ပါလား။ 

                                                                                                 

ကိုးကား - Veteran journalist claims US bombed Nord Stream gas pipelines: Who is Seymour Hersh

Nord Stream Pipeline: Seymour Hersh calls the sabotage ‘dumbest’ US act in years, says more revelations


zawgyi version
ေနာ့ဒ္ စထရင္း ဓာတ္ေငြ႕ပိုက္လိုင္းေဖါက္ခြဲမႈ လက္သည္တရားခံေပၚထြက္လာျခင္း
ေမာင္တင္ထြန္း(နတ္ေမာက္) (NP News) - မတ္ ၁၃

၂၀၂၂ ခုႏွစ္စက္တင္ဘာလတုန္းက ေနာ့ဒ္စထရင္း ဓါတ္ေငြ႕ပိုက္လိုင္း ေဖာက္ခြဲခဲ့တဲ့ လက္သည္ဟာ စီအိုင္ေအ ျဖစ္ၿပီး၊ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ရဲ႕ ၫႊန္ၾကားမႈနဲ႔ လွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္ဝါရင့္ စုံစမ္းေဖာ္ထုတ္ေရး သတင္းေထာက္ ဆီေမာဟက္ရွ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒီလိုေျပာဆိုခ်က္ကို သမၼတ ဘိုင္ဒန္ရဲ႕႐ုံးက ျငင္းဆိုလိုက္ၿပီး “လုံးဝမွားယြင္းတဲ့ စိတ္ကူးယဥ္ထြင္လုံး” တစ္ခုသာ ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

ဆီေမာ ဟက္ရွ္ဆိုတာ ဘယ္သူလဲ
ဒီေနရာမွာ ဆီေမာ ဟက္ရွ္ဆိုတာ ဘယ္သူလဲဆိုတာေျပာဖို႔ လိုအပ္လာပါတယ္။ သူက ၁၉၃၇ ခုႏွစ္မွာေမြးဖြား ၿပီး ခ်ီကာဂိုတကၠသိုလ္က သမိုင္းဘာသာရပ္နဲ႔ဘြဲ႕ရခဲ့တဲ့၊ ယခုအခါ အသက္ (၈၆) ႏွစ္ရွိၿပီျဖစ္တဲ့ ပူလစ္ဇာဆုရ သတင္းေထာက္တစ္ေယာက္ပါ။  ၁၉၅၉ ခုႏွစ္မွာ ခ်ီကာဂို ၿမိဳ႕ေတာ္ သတင္းဌာနမွာ ရဲသတင္းေထာက္အလုပ္ကို စတင္လုပ္ကိုင္ခဲ့ပါတယ္။ 

သူဟာ နယူးေယာက္တိုင္းမ္စ္ သတင္းစာနဲ႔ နယူးေယာက္ကား မဂၢဇင္းတို႔မွာ အလုပ္လုပ္ခဲ့သူ ျဖစ္ပါတယ္။ 

၁၉၆၈ ခုႏွစ္ သမၼတေ႐ြးခ်ယ္ပြဲမွာ ဒီမိုကရက္တစ္ပါတီက အထက္လႊတ္ေတာ္အမတ္ ယူဂ်င္းမကၠာသီ အတြက္ သတင္းျပန္ၾကားေရး အတြင္းေရးမႉးလုပ္ခဲ့ပါေသးတယ္။ အဲဒီေနာက္ ဗီယက္နမ္စစ္ပြဲသတင္းေတြ ေထာက္လွမ္း သတင္းေရးသားရတဲ့ အလြတ္သတင္းေထာက္လုပ္ခဲ့ပါတယ္။ ၁၉၆၉ ခုႏွစ္ ႏိုဝင္ဘာလ ၁၂ ရက္မွာ မိုင္ေလ လူသတ္ပြဲ စုံစမ္းေထာက္လွမ္းရရွိမႈ သတင္းကို ေဖာ္ျပခဲ့ပါတယ္။ အဲဒီသတင္းမွာ အေမရိကန္ စစ္တပ္ဟာ ၁၉၆၉ ခုႏွစ္ အေစာပိုင္းက လက္နက္မဲ့ ဗီယက္နမ္အရပ္သားေပါင္း ရာခ်ီသတ္ျဖတ္ခဲ့တာကို ေဖာ္ထုတ္တင္ျပခဲ့ပါတယ္။  အဲဒီတုန္းက ဒီသတင္းကို သတင္းစာေပါင္း (၃၃)ေစာင္ကေဖာ္ျပခဲ့ၿပီး သူလည္းအဲဒီ သတင္းအတြက္ ၁၉၇ဝ ခုႏွစ္ ပူလစ္ဇာ ႏိုင္ငံတကာ သတင္းေပးပို႔ဆုကို  ရရွိခဲ့ပါတယ္။

ေနာက္ေလးႏွစ္အၾကာမွာ သူဟာ နယူးေယာက္တိုင္းမ္စ္ သတင္းစာတိုက္မွာ အလုပ္ဝင္ခဲ့ၿပီး ဝါးတားဂိတ္ အရႈပ္ေတာ္ပုံအေၾကာင္းကို သတင္းေရးသားခဲ့ပါတယ္။ သူဟာ သမၼတနစ္ဆင္လက္ထက္မွာ ႏိုင္ငံျခားေရးဝန္ႀကီး ဟင္နရီကစ္ဆင္းဂ်ားက ႏိုင္ငံျခားေရးရာမွာ ဘယ္ေလာက္ အရွိန္ဩဇာႀကီးပုံကိုေလ့လာသုံးသပ္ထားတဲ့ “ The Price of Power: Kissinger in the Nixon White House (1983),” စာအုပ္ကိုလည္း ‌ေရးသားခဲ့သူျဖစ္ပါတယ္။

၂ဝဝ၃ ခုႏွစ္ အေမရိကန္က အီရတ္ကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးတဲ့ေနာက္ပိုင္း၊  ဘဂၢဒတ္ၿမိဳ႕အနီးက အဘူဂါရိဗ္ အက်ဥ္းေထာင္ထဲမွာ ထိန္းသိမ္းခံရသူေတြအေပၚ  အေမရိကန္စစ္ပုလိပ္ေတြက ရက္စက္စြာျပဳမူ ဆက္ဆံပုံေတြကို နယူးေယာက္ကား မဂၢဇင္းကေန ‌ေရးသားေဖာ္ျပခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူ႔ရဲ႕ေရးသားခ်က္ေတြကို စုစည္းၿပီး Chain of Command: The Road from 9/11 to Abu Ghraib ဆိုတဲ့ နာမည္နဲ႔ ၂ဝဝ၄ ခုႏွစ္မွာ စာအုပ္ ထုတ္ေဝခဲ့ပါတယ္။

ဟက္ရွ္ဟာ ပူလစ္ဇာဆုအျပင္ ေနရွင္နယ္ မဂၢဇင္းကေပးတဲ့ လူထုစိတ္ဝင္စားမႈဆု တစ္ခု နဲ႔ ေဂ်ာ့ဂ်္ ေပါ့လ္ခ္ ဆု ငါးဆုတို႔အပါအဝင္ တျခားဂုဏ္ျပဳမႈ အမ်ားအျပားကို ရရွိခဲ့သူျဖစ္ပါတယ္။

  ေနာ့ဒ္စထရင္းကို ဘယ္သူေတြ ဘယ္လိုေဖါက္ခြဲခဲ့သလဲ
ယခုလည္းသူ ရရွိတဲ့ ေနာ့ဒ္စထရင္းပိုက္လိုင္း‌ေဖါက္ခြဲခံရမႈ သတင္းကို “Substack” မွာ ဘေလာ့ဂ္ပို႔စ္ ေရးတင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ သတင္းထဲမွာ အေမရိကန္ ေရတပ္ ေရငုပ္သမားမ်ားဟာ ၂ဝ၂၂ ခုႏွစ္ ေႏြလယ္ကာလ ေနတိုးတပ္ဖြဲ႕ေလ့က်င့္ေရးလုပ္တာကို အကာအကြယ္ယူၿပီး ေနာ့ဒ္စထရင္းပိုက္လိုင္း ေလးခုအနက္က သုံးခုကို (ေနာ့ဒ္စထရင္း ‘၁’ ႏွင့္ ေနာ့ဒ္စထရင္း ‘၂’ တို႔တြင္ ပိုက္လိုင္း ႏွစ္လိုင္းစီျဖင့္ စုစုေပါင္း ေလးလိုင္းပါဝင္သည္။ )  ေဖါက္ခြဲဖ်က္ဆီးဖို႔၊ အေဝးထိန္းဗုံးေတြ တပ္ဆင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီသတင္းကို လွ်ိဳ႕ဝွက္ေပးပို႔တဲ့ အမည္မေဖာ္လိုသူဟာ ဒီစစ္ဆင္ေရးမွာ တိုက္႐ိုက္ထဲထဲဝင္ဝင္ ပါဝင္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္တယ္လို႔လည္း ဆီေမာဟက္ရွ္က ေရးပါတယ္။ ႐ုရွားက ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ ခိုက္တာ အသည္းအသန္ျဖစ္လာတဲ့ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလေလာက္မွာ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ အလုပ္အဖြဲ႕ သစ္တစ္ခုကိုဖြဲ႕ၿပီး ေဆြးေႏြးတိုင္ပင္ခဲ့ပါတယ္။ အဲဒီအဖြဲ႕ထဲမွာ ပူးတြဲစစ္ဦးစီးခ်ဳပ္ေတြ၊ စီအိုင္ေအ၊ ႏိုင္ငံျခားေရးရာနဲ႔ ဘ႑ာေရးဌာန တာဝန္ရွိသူေတြပါဝင္ပါတယ္။
အေမရိကန္စိုးရိမ္ပူပန္တာက ဂ်ာမနီနဲ႔ ဥေရာပအေနာက္ဖက္ပိုင္းက ႏိုင္ငံေတြဟာ ေနာ့ဒ္စထရင္း ပိုက္လိုင္း က ေစ်းသက္သာတဲ့ ႐ုရွားဓါတ္ေငြ႕ကို မွီခိုအားထားေနသ၍ ႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံတိုက္ခိုက္ေနတဲ့ ယူကရိန္း ႏိုင္ငံကို စစ္ေရးအရကူညီဖို႔ တြန႔္ဆုတ္ေႏွာင့္ေႏွးေနၾကမွာကိုပါ။ 

ဒါေၾကာင့္ ဝါရွင္တန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕အတြင္းမွာ ဒီစိုးရိမ္ပူပန္ေနရမႈကို အဆုံးသတ္သြားေအာင္ ဘယ္လိုအေကာင္းဆုံးေဆာင္႐ြက္မလဲဆိုတာ ကိုးလၾကာ အျပန္ျပန္အလွန္လွန္သုံးသပ္ေဆြးေႏြးၾကၿပီးတဲ့ေနာက္ မွာ  ဒီပိုက္လိုင္းကို ေဖါက္ခြဲဖ်က္ဆီးပစ္လိုက္ဖို႔ သမၼတ ဘိုင္ဒန္ရဲ႕ဆုံးျဖတ္ခ်က္ ေပၚထြက္လာခဲ့တာပါ။

ဒီတာဝန္ကိုအေကာင္အထည္ေဖာ္ဖို႔ အေမရိကန္ဟာ ၂ဝ၂၂ ခုႏွစ္ မတ္လမွာ ေနာ္ေဝႏိုင္ငံဆီက အကူအညီ ေတာင္းခံခဲ့ပါတယ္။ အေမရိကန္ရဲ႕ လက္ေ႐ြးစင္ စီအိုင္ေအအဖြဲ႕နဲ႔ အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီအဖြဲ႕ဝင္တစ္ခ်ိဳ႕ ဟာ ေနာ္ေဝႏိုင္ငံကိုသြားၿပီး ေနာ္ေဝး အမ်ိဳးသားလုံၿခဳံေရးနဲ႔ ေရတပ္တို႔နဲ႔ တိုင္ပင္ေဆြးေႏြးခဲ့ရတယ္လို႔ ဟက္ရွ္က ေရးပါတယ္။ 

ဒိန္းမတ္ပိုင္ ဘြန္ဟြန္း ( Bornholm ) ကြၽန္းနဲ႔ မိုင္အနည္းငယ္ေလာက္သာေဝးတဲ့ ေဘာလတစ္ပင္လယ္ ေရတိမ္ပိုင္းက ေနရာကို အသင့္ေတာ္ဆုံးေနရာအျဖစ္ ေနာ္ေဝးေရတပ္က ေ႐ြးခ်ယ္ေပးတယ္လို႔ ဟက္ရွ္ရဲ႕ သတင္း ကဆိုပါတယ္။ 

သုံးလေလာက္ၾကာၿပီးတဲ့ေနာက္မွာ ဖေလာ္ရီဒါျပည္နယ္၊ ပနားမားစီးတီးက အေမရိကန္ေရတပ္ ေရငုပ္ ကယ္ဆယ္ေရးစင္တာက ပင္လယ္ေရနက္ ေရငုပ္သမားအဖြဲ႕ဟာ သတ္မွတ္ေ႐ြးခ်ယ္ထားတဲ့ေနရာကိုသြား ေရာက္ၿပီး C4 ေဖါက္ခြဲယမ္းထုတ္ေတြကို ပိုက္လိုင္းတေလွ်ာက္ တပ္ဆင္ခဲ့ပါတယ္။ အဲဒီကာလက ေနတိုးရဲ႕ “ Baltops 22” ပူးေပါင္းစစ္ေလ့က်င့္ေရးလုပ္ေနတဲ့ ၂ဝ၂၂ ခုႏွစ္ ဂြၽန္လအတြင္းျဖစ္ပါတယ္။ 
အဲဒီေနာက္ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္မွာ ေနာ္ေဝးေရတပ္က P8 ေထာက္လွမ္းေရး ေလယာဥ္ တစ္စီးနဲ႔ ခ်ထားတဲ့ ဆိုနာေဘာေပၚကေန ခလုပ္ျဖဳတ္ေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ ဟက္ရွ္ကေရးထားပါတယ္။

မိနစ္အနည္းငယ္အတြင္းမွာဘဲ ပင္လယ္ေရမ်က္ႏွာျပင္ထက္မွာ မီသိန္းဓါတ္ေငြ႕ေရပြက္ႀကီးေတြ ပြက္ထလာ တာကို ေတြ႕ျမင္ရၿပီး ပိုက္လိုင္းေပါက္ကြဲတဲ့ကိစၥကို တစ္ကမာၻလုံးက သိရွိသြားပါတယ္လို႔ သတင္းမွာ‌ေရးထားပါ တယ္။ အဲဒီေဖာက္ခြဲမႈေၾကာင့္ ေနာ့ဒ္စထရင္း ‘၁’ ရဲ႕ ပိုက္ A နဲ႔ B ၊ ေနာ့ဒ္စထရင္း “၂” ရဲ႕ ပိုက္ A စုစုေပါင္း (၃) ေနရာမွာ ေပါက္ကြဲပ်က္စီးမႈေတြျဖစ္ၿပီး ဓာတ္ေငြ႕ေတြ ယိုထြက္လာခဲ့ပါတယ္။
ေနာ့ဒ္စထရင္း ပိုက္လိုင္းဆိုတာဘာလဲ
ေနာ့ဒ္စထရင္း ပိုက္လိုင္းဆိုတာ ႐ုရွားကေန ဂ်ာမနီကို ေဘာလတစ္ပင္လယ္ထဲကေန သြယ္တန္းထားတဲ့ သဘာဝဓါတ္ေငြ႕ ပို႔လႊတ္တဲ့ ပိုက္လိုင္းဘဲျဖစ္ပါတယ္။

(၁၂၂၄) ကီလိုမီတာရွည္တဲ့ ေနာ့ဒ္စထရင္းပိုက္လိုင္းဟာ ႐ုရွားႏိုင္ငံေျမာက္ပိုင္း ဗီးေဘာ့ခ္ ( Vyborg ) ကေန ဂ်ာမနီႏိုင္ငံေျမာက္ပိုင္း လုဗ္မင္ ( Lubmin ) ကိုသြယ္တန္းထားတာပါ။ ဒီစီမံကိန္းကို ေနာ့ဒ္စထရင္း AG နဲ႔ ဂက္ဇ္ ပ႐ြန္း ကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ဒီပိုက္လိုင္းကပို႔လႊတ္တဲ့ ဓါတ္ေငြ႕ေတြကေန အျမတ္အစြန္းေတြ ေကာင္းေကာင္းရခဲ့တယ္လို႔ ဆိုပါတယ္။

ေနာ့ဒ္စထရင္း ‘၁’ ပိုက္လိုင္းက သဘာဝဓာတ္ေငြ႕ေတြကို ဂ်ာမနီကို ပို႔လႊတ္တာျဖစ္ေပမဲ့ ဂ်ာမနီကတဆင့္  ဥေရာပ အေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းေဒသ ႏိုင္ငံေတြကို ကုန္းလမ္းကေန ဆက္လက္ျဖန႔္ခ်ီတဲ့ ဓာတ္ေငြ႕ပမာဏ အေရအတြက္ကလည္း မနည္းလွဘူးလို႔ ႐ိုက္တာက ဆိုပါတယ္။

၂ဝ၁၅ ခုႏွစ္မွာေတာ့ ဂက္ဇ္ပ႐ြန္နဲ႔ တျခားဥေရာပကုမၸဏီ ငါးခုတို႔ဟာ အေမရိကန္ေဒၚလာ (၁၁)ဘီလ်ံတန္တဲ့ ေနာ့ဒ္စထရင္း ‘၂’ ပိုက္လိုင္းကို တည္ေဆာက္မယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲဒီပိုက္လိုင္းက ႐ုရွားႏိုင္ငံ အုစ္လုဂါ ( Ust-Luga ) ကေန ဂ်ာမနီႏိုင္ငံ ဂ႐ိုက္ဖ္စဝိုင္းလ္ဒ္ (Greifswald) အထိ ေဘာလတစ္ပင္လယ္ထဲကေန သြယ္တန္း မွာ ျဖစ္ပါတယ္။ ဒီပိုက္လိုင္းသစ္ကေန တစ္ႏွစ္ကို သဘာဝဓာတ္ေငြ႕ ကုဗမီတာ (၅၅) ဘီလ်ံ ပို႔လႊတ္ႏိုင္ပါတယ္။ (၁၂၃၄) ကီလိုမီတာ ရွည္လ်ားတဲ့ ဒီပိုက္လိုင္းဟာ ၂ဝ၂၁ ခုႏွစ္မွာၿပီးစီးပါတယ္။ ဒါေပမဲ့ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလ ထဲမွာ ဂ်ာမနီႏိုင္ငံ စြမ္းအင္ဆိုင္ရာစည္းကမ္းႀကီးၾကပ္ထိန္းသိမ္းသူေတြက ဒီပိုက္လိုင္းက ဓာတ္ေငြ႕ပို႔တာကို ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္မွာ ရပ္ဆိုင္းခဲ့ပါတယ္။ 

ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈကို တုန႔္ျပန္ၾကပုံ
ဒီကိစၥျဖစ္ပြားၿပီးတဲ့ေနာက္မွာ အေနာက္တိုင္းမီဒီယာေတြက ဒီေပါက္ကြဲမႈရဲ႕ လက္သည္ဟာ ႐ုရွားျဖစ္ႏိုင္ တယ္လို႔ ထပ္ခါထပ္ခါ စြပ္စြဲခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီလို ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးတဲ့ လုပ္ရပ္မ်ိဳးလုပ္ဖို႔ကို လႈံ႕ေဆာ္တဲ့ လုံေလာက္တဲ့ အေၾကာင္းတရားကို ရွင္းလင္းေအာင္မေဖာ္ျပႏိုင္ၾကပါဘူး။ 
တျခားတဖက္မွာေတာ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ဒါဟာ ဥေရာပတိုက္ႏိုင္ငံ ေတြအေနနဲ႔ ႐ုရွားရဲ႕စြမ္းအင္အေပၚမွီခိုေနရမႈကို ေလွ်ာ့ခ်ဖို႔ အခြင့္အလမ္းတစ္ခုဘဲလို႔ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ က မီဒီယာေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲမွာ ဒီဗုံးေဖါက္ခြဲခံရမႈကိစၥကို ေမးျမန္းရာမွာ ေျပာသြားခဲ့ပါတယ္။

ေနတိုးအဖြဲ႕ကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုရာမွာ “ဒါဟာ တမင္သက္သက္၊ အက်ိဳးအေၾကာင္းမဲ့စြာ၊ တာဝန္မဲ့ျပဳမူလိုက္တဲ့ အဖ်က္အေမွာက္လုပ္ေဆာင္ခ်က္” တစ္ခုသာျဖစ္တယ္လို႔ဆိုတဲ့ အျပင္ သူတို႔ မဟာမိတ္မ်ားရဲ႕ အသက္ေသြးေၾကာ အေျခခံအေဆာက္အအုံမ်ားကို တိုက္ခိုက္မႈေတြကို “တညီတ ၫြတ္တည္း ျပတ္ျပတ္သားသား” တုန႔္ျပန္သြားဖို႔ ကတိျပဳပါတယ္လို႔ ဆိုပါတယ္။

ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲသြားလို႔ ႐ုရွားဓာတ္ေငြ႕တင္သြင္းမႈ အနည္းဆုံးက်ဆင္းသြားတဲ့အခါ ဥေရာပဟာ ဒီႏွစ္ ေဆာင္းရာသီမွာ လိုအပ္တဲ့ စြမ္းအင္အတြက္ ဓာတ္ေငြ႕အရည္ LNG ကို အေမရိကန္ကေန အေျမာက္အမ်ား တင္သြင္းရပါေတာ့တယ္။ အေမရိကန္ LNG ဟာ ႐ုရွားကလာတဲ့ သဘာဝဓာတ္ေငြ႕ထက္ အမ်ားႀကီး ပိုေစ်းႀကီး ေပမဲ့ ဥေရာပတိုက္အဖို႔ တျခားေ႐ြးခ်ယ္စရာ မ်ားမ်ားမရွိပါ။ 
အေမရိကန္အေနနဲ႔လည္း ဥေရာပတိုက္ကို ဒီလိုျဖစ္ေနေစခ်င္တာ ၾကာၿပီ မဟုတ္ပါလား။ 
                                                                                                 
ကိုးကား - Veteran journalist claims US bombed Nord Stream gas pipelines: Who is Seymour Hersh
Nord Stream Pipeline: Seymour Hersh calls the sabotage ‘dumbest’ US act in years, says more revelations

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အော်စကာဆုပေးပွဲမှာ မလေးရှားမင်းသမီး မီရှဲလ်ယိုလ် အကောင်းဆုံးမင်းသမီး ဆုရရှိခဲ့သလို “Everything Everywhere All at Once” ဇာတ်ကားက ဆုအများဆုံး သိမ်းပိုက်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved