Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပအိုဝ်းနယ်မြေအတွင်း ကျူးကျော်လာမှုများရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး အေးအေးချမ်းချမ်းနေလိုကြောင်း PNO/PNA ထိပ်ပိုင်းခေါင်းဆောင် ဆို

မျိုးကြီး (NP News) - မတ် ၁၂

ပအိုဝ်းနယ်မြေအတွင်းသို့ ကျူးကျော်လာမှုများရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး အေးအေးချမ်းချမ်းနေ လိုကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုံးပြင်ကျေးရွာအုပ်စု၌ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့် KNDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း၌ လုံးပြင်ကျေးရွာအုပ်စုရှိ နန့်နှိမ်ရွာတွင် နှစ်ဖက်အကြား တိုက်ပွဲများအပြင်းအထန်းဖြစ်ပွား ခဲ့ပြီး နေအိမ်ပေါင်း (၆ဝ)ထက်မနည်းမှာလည်း မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စုမှာ ဖြစ်နေတာ။ အဲဒါကို သူတို့ ဖယ်ခုံမြို့နယ်မှာ ကျွန်တော်တို့က ကျူးကျော်တာတို့ ပြောနေတာ။ ကျွန်တော်တို့က သူများ ဖယ်ခုံနယ်ကို တစ်လက်မမှ မကျူးကျော် ခဲ့ရဘူး။ လုံးပြင်ဆိုတာ ပအိုဝ်းရွာတွေပဲလေ။ အဲဒါတွေက ကျွန်တော်တို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မှာပဲ ရှိတာ။ အခု မီးရှို့ခံရတာက နန့်နှိမ်ရွာ အဲဒီ အိမ်ခြေ ၅ဝ ကျော် ၆ဝ နီးပါး သူတို့ မီးရှို့သွားတယ်” ဟု PNO/PNA ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းရွှေက NP News ကို ပြောသည်။

ပအိုဝ်းအဖွဲ့ PNO/PNA နှင့် KNDF၊ PDF ပူးပေါင်းအဖွဲ့တို့သည် ပင်လောင်းမြို့နယ် လုံးပြင်ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ ယနေ့အချိန်အထိ တိုက်ပွားများဖြစ်ပွားလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

၎င်းဒေသအတွင်း PNA အဖွဲ့နှင့်အတူ တပ်မတော်ဘက်ကလည်း နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်း ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနေမှုများ ရှိကြောင်းလည်း ဦးခွန်ထွန်းရွှေက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ပအိုဝ်းတိုင်းရင်းသားများ၊ ကယန်းတိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ အပါအဝင် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ (၈ဝဝဝ)ကျော်မှာ စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ PNA ကတော့ PDF ဆိုးခြင်း၊ ကောင်းခြင်း၊ တပ်မတော် ဆိုးခြင်း၊ ကောင်းခြင်း မည်သူ့ကိုမှ ကျွန်တော်တို့က ထောက်ခံခြင်း၊ အားပေးခြင်း၊ ကန့်ကွက်ခြင်းမရှိဘူး။ ကျွန်တော်တို့ကတော့ ၉၁ ငြိမ်းချမ်းရေးမူ အရ ကျွန်တော်တို့ ပအိုဝ်းဒေသ သူ့လူနဲ့ ရိုးရာဓလေ့နဲ့ အေးအေးချမ်းချမ်း စားကောင်းခြင်း၊ လာကောင်းခြင်း၊ ရောင်းဝယ်ကောင်းခြင်းပဲ ကျွန်တော်တို့က နေချင်တယ်။ သူများနယ်လည်း မကျူးကျော်ဘူး။ ကျွန်တော်တို့ နယ်မြေတွေ အေးအေးချမ်းချမ်းဖြစ်အောင်တော့ ကျွန်တော်တို့ တာဝန်ယူတယ်။ ကျူးကျော်လာရင်တော့ ကျွန်တော်တို့ ခုခံရမှာပေါ့။ သူတို့လာတာကလည်း ကယားပြည်သစ်က လိုလို ဘာလိုလိုနဲ့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့လိုလို ဘာလိုလိုနဲ့ ပုံမှားရိုက်ပြီးလာတော့ ထိတွေ့မှုဖြစ်သွားတာပေါ့” ဟု ဦးခွန်ထွန်းရွှေက ဆက်လက်ပြောသည်။

PNO/PNA အနေဖြင့် အေးအေးချမ်းချမ်းနေလိုကြောင်း၊ မည်သူ့ကိုမျှ ဒုက္ခမပေးလိုကြောင်း နှင့် နိုင်ငံတော်ကိုလည်း ဒုက္ခမပေးလိုကြောင်း အဆိုပါအဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းရွှေက ဆက်လက်ပြောသည်။

“ကျွန်တော်တို့ က အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဒါက ကျွန်တော်တို့ စခဲ့တဲ့ မီးစမဟုတ်ဘူး။ သူတို့စခဲ့တဲ့ မီးစလေ။ ကျွန်တော်တို့ သူတို့နယ်မြေကို သွားကျူးကျော်တာလည်း မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း နန့်နှိမ်ရွာ၌ ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများအတွင်း ကျေးရွာအတွင်းရှိ နေအိမ်များကို တပ်မတော် အပါအဝင် PNA အဖွဲ့အနေဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း ဦးခွန်ထွန်းရွှေက တုံ့ပြန်ထားသည်။

သို့သော် KNDF ပူးပေါင်းအဖွဲ့ကလည်း နန့်နှိမ်ကျေးရွာရှိ နေအိမ်များကို ၎င်းတို့အနေဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်းနှင့် တစ် ဖက်အဖွဲ့အစည်းကသာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးရှိ ဒေါ်တောမုန့်တီဆိုင် ဓားပြတိုက်ခံရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved