တရုတ်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခတိုက်ရိုက်ဖြစ်ပွားလာမယ်ဆိုရင် အမေရိကန်တို့ အနိုင်ရမှာ မဟုတ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်း ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - မတ် ၁၂
အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ နဲ့ စစ်ရေးပဋိပက္ခ တိုက်ရိုက်ဖြစ်ပွားလာမယ်ဆိုရင် တရုတ်နိုင်ငံအပေါ် အခွင့်အရေးရရှိမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံက သေနတ်တစ်ချက်မှ မဖောက်ဘဲ အမေရိကန်ပိုင်နက်များကို သိမ်းယူနိုင်စွမ်းရှိကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ဒုတိယအကြီးအကဲဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Jack Keane ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Fox News သတင်းဌာနနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မှတ်ချက်ပြုပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
၎င်းက "တရုတ်နိုင်ငံဟာ အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ထက် စစ်သင်္ဘော၊ စစ်လေယာဉ်၊ဒုံးကျည်အရေအတွက်၊ ဒုံးကျည်ကာကွယ်ရေးစနစ်အရေအတွက် ပိုမိုများပြားတယ်" လို့ ပြောပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ၎င်းတို့ထိန်းချုပ်မှုအောက်ပြန်လည်ရောက်ရှိစေဖို့ ကြိုးပမ်းရာမှာ မတူညီတဲ့ နည်းဗျူဟာတွေကို ရွေးချယ်အသုံးပြုဖို့ အလားလာများကြောင်း၊ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင်လည်း သေနတ်တစ်ချက်မှ ပစ်စရာမလိုဘဲ သိမ်းပိုက်နိုင်မှာဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်း က ပြောပါတယ်။
အမေရိကန်ဟာ စစ်ပွဲကို တားဆီးနိုင်ဖို့ ဒေသအတွင်းမှာ ကာကွယ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ အကြံပေးလိုကြောင်း၊ အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင်မှုတွေ နှစ်ဆလုပ်ဖို့ နဲ့ လက်နက်ထုတ်လုပ်မှုတွေ ပိုမိုလုပ်ဆောင်ရမှာဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းက ပြောပါတယ်။
အမေရိကန်ဟာ အာရှဒေသအတွင်းမှာ ထိုင်ဝမ်အရေးကိစ္စအပြင် ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျကဲ့သို့ နိုင်ငံများနဲ့ပတ်သက်ပြီး၊ တရုတ်နဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံဖို့ အလားလာတွေလည်းရှိနေကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်း Jack Keane က ပြောပါတယ်။
အမေရိကန် နဲ့ တရုတ်တို့ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်ပွားလာခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂၃ဝ ဘီလျံအထိ တိုးမြင့်သုံးစွဲသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရ တာဝန်ရှိသူများက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားသလို တရုတ်သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ကလည်း ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်သမ္မတက ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကိုအသုံးပြုမှာဖြစ်သလို လိုအပ်မယ်ဆိုရင် စစ်ရေးနည်းလမ်းကို အသုံးပြုမှာဖြစ်ကြောင်း အသိပေးထားပြီးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပမှ နှစ်စဥ် သံနှင့် သံမဏိ ဆက်စပ်ပစ္စည်း တန်ချိန်(၃)သန်းခန့် တင်သွင်းနေရ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ