မြန်မာနှင့်ဂျပန် တက္ကသိုလ်နှစ်ခုကြား ပညာရေးကဏ္ဍ၌အကျိုးတူပူးပေါင်းဆောင်ရွက်မည့်နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုး
စော (NSS) - ဒီဇင်ဘာ ၆
ဆေးတက္ကသိုလ်(၂)ရန်ကုန် နှင့် ဂျပန်နိုင်ငံ တက္ကသိုလ်တို့ကြား ပညာရေးဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါလက်မှတ်ရေးထိုးခြင်းကို ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)တွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂)ရန်ကုန် နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၎င်းနားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ် (၂)ရန်ကုန်နှင့် Niigata University တို့သည် သုတေသနလုပ်ငန်းများတွင် အဓိက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်ကြားရေး ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများ နှင့် အခြားပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေးအခြေနေနဲ့ နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ