ထိုင်းနိုင်ငံအနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး မြန်မာနိုင်ငံသား အနည်းငယ် အပါအဝင် အနည်းဆုံး လူ(၁၄)ဦး သေဆုံးကာ အခြားလူ(၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဒီဇင်ဘာလ(၅)ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ(၁၄)ဦး သေဆုံးခဲ့ပြီး အခြားလူ(၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါဘတ်စ်ကားသည် ဘန်ကောက်မြို့မှ ဆောင်ခလာပြည်နယ်သို့ သွားလာနေခြင်းဖြစ်ပြီး Prachuap Khiri Khan ပြည်နယ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ ခရီးသည်(၄၉)ဦး တင်ဆောင် လာသော ဘတ်စ်ကားသည် လမ်းမပေါ်မှ ဘေးသို့ချော်ကျကာ Hat Wanakorn အမျိုးသားပန်းခြံအနီးရှိ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Prachuap Khiri Khan ပြည်နယ်သည် ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံကြားရှိ ကမ်းရိုးတန်းမျဉ်းပေါ်တွင် တည်ရှိကြောင်းလည်းသိရသည်။ Huay Yang ရဲစခန်းမှ ရဲမှူးကြီး Weerapat Ketesa က "ဘတ်စ်ကားယာဉ်မောင်း ဟာ အိပ်ပျော်သွားပုံပေါ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒီမတော်တဆမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်းရဲ့သွေးစစ်ချက်ရလဒ်ကို တာဝန်ရှိသူတွေက ဆက်လက်စောင့်ဆိုင်းနေပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါမတော်တဆမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း Weerapat Ketesa က ပြောကြားခဲ့သည်။ မတော်တဆမှုအတွင်း သေဆုံး/ဒဏ်ရာရရှိသူ အများစုမှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး အနည်းငယ်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ(၃၅)ဦးကို ဒေသဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးနေကြောင်း Sawang Rungrueang Rescue ဖောင်ဒေးရှင်း၏ ပြောကြားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့အပါအဝင် အခြားသောမြို့နယ်များ၌ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း