Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက နိုင်ငံတကာရာဇဝတ်တရားရုံးတွင် စစ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း တူရကီသမ္မတပြော

Pika (NSS) - ဒီဇင်ဘာ ၅

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသကို စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) တွင် စစ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေကြောင်း တူရကီသမ္မတအာဒိုဂန်က ခန့်မှန်းပြောဆိုခဲ့သည်။


ထို့အပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေသော အစ္စရေးကို အနောက်အုပ်စုနိုင်ငံများက ထောက်ခံမှုကို အာဒိုဂန်က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးဖက်မှ အနည်းဆုံးလူ(၁၂ဝဝ)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၄ဝ) ဦးမှာ ဓါးစာခံအဖြစ် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကတိပြုပြောဆိုခဲ့သည်။

ထို့နောက် အစ္စရေးဖက်မှ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းနှင့်မြေပြင်မှ ထိုးစစ်ဆင်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ကလေးငယ်များနှင့် အမျိုးသမီးအများစု အပါအဝင် ပါလက်စတိုင်းနိုင်ငံသား (၁၅၈ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့သည် ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အကျဉ်းသားလဲလှယ်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အစ္စရေးအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုများကို ဒီဇင်ဘာလ(၁)ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

တူရကီသမ္မတအာဒိုဂန် က "နေတန်ရာဟုဟာ ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ နေတန်ရာဟုဟာ တစ်နေ့မှာ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ စစ်ရာဇဝတ်မှုစွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် အစ္စရေး၏ အနောက်အုပ်စုမိတ်ဖက်နိုင်ငံများသည် ကလေးများကို သတ်ဖြတ်ရန်အတွက် အစ္စရေးကို ပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်း အာဒိုဂန်က ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီနိုင်ငံသည် ၎င်း၏ မိတ်ဖက်နိုင်ငံများ အပါအဝင် အခြားနိုင်ငံများနှင့်မတူဘဲ ဟားမက်လက်နက်ကိုင်အဖွဲ့ကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖော်ပြပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံအနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး မြန်မာနိုင်ငံသား အနည်းငယ် အပါအဝင် အနည်းဆုံး လူ(၁၄)ဦး သေဆုံးကာ အခြားလူ(၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved