သရေကျခဲ့သောပွဲတွင် စပါးအသင်းကစားသမားအချို့၏ ခြေစွမ်းများကို အထင်ကြီးမိကြောင်း မန်စီးတီးနည်းပြ ထုတ်ဖော်ပြော
Pika (NSS) - ဒီဇင်ဘာ ၄
မန်စီးတီးအသင်းသည် စပါးအသင်းနှင့် ဒီဇင်ဘာလ(၃)ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် (၃)ဂိုးစီ သရေကျခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာသည် စပါးအသင်းကစားသမားအချို့ကို ချီးကျူးစကားပြောခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် မန်စီးတီးအသင်းကစားသမားများ၏ ခြေစွမ်းနှင့်ပတ်သက်ပြီး စိတ်ပျက်မှုများရှိခဲ့ကြောင်း နှင့် စပါးအသင်း၏ခြေစွမ်းကြောင့် အထင်ကြီးမိကြောင်း ဂွါဒီယိုလာက ပြောခဲ့သည်။
ထို့အပြင် စပါးအသင်း တောင်ပံကစားသမား Dejan Kulusevski ကို ဂိုးဖန်တီးပေးခဲ့သည့် တောင်ပံကစားသမား Brennan Johnson ၏ ခြေစွမ်းကို သဘောကျမိကြောင်း ဂွါဒီယိုလာက ပြောဆိုခဲ့သည်။ ဂွါဒီလိုလာက "ဒါဟာ တကယ်ကိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ စပါးအသင်း တောင်ပံကစားသမား Brennan Johnson ဟာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူရဲ့လုပ်ဆောင်ချက်တွေကိုကာကွယ်ဖို့က ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒီနေ့ ကစားခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ကို အထင်ကြီးမိပါတယ်" ဟု ပြောခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၄)ပွဲကစားထားပြီး (၉)ပွဲနိုင် (၃)ပွဲသရေ (၂)ပွဲရှုံးထားကာ ရမှတ် (၃ဝ)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၃)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် မျက်စိရောဂါဝေဒနာရှင် (၁၅ဝဝ)ကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း